ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၄

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက် ညနေ ၃ နာရီခန့်က ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ ပျူ စောထီး အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ထိ ခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပဲ့တိုင်ကျေးရွာ အရှေ့ဘက်ရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စခသေဆုံးထိခိုက်မှုက မသိရသေးပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် စုံစမ်းလို့ မရ သေးဘူး။ အင်အားက ၂၀ ကျော်ပဲ ရှိတာပါ။ ပျူတွေက ဘန်ကာထဲကနေ နေရာယူထားတာဆိုတော့ တိုက်ခိုက်ရတာ ခက်ခဲတာရယ်၊ သင်္ဘောပေါ်ကလည်း ပစ်ကူအားကောင်းတာရယ်ကြောင့် ပြန်ဆုတ် ခဲ့ရတာပါ။ လက်နက်ကြီးပစ်ကူကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားပါက သတိဖြင့်ရှောင်ရှားနေထိုင်ကြပါရန်နှင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့်ဝေးဝေးနေထိုင် ပေးကြပါရန်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲဖြစ်ပြီး စစ် သား၊ PNO ပြည်သူ့စစ် ၁၀၀ ခန့်သေဆုံး၊ စစ်ကောင်စီတပ်က ပြည်သူ ၁ ဦး ပစ်ခတ် သတ်ဖြတ်ပြီး နောင်ထောင်ကျေးရွာနှင့်ကုလားလမ်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေ

ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲဖြစ်ပြီး စစ် သား၊ PNO ပြည်သူ့စစ် ၁၀၀ ခန့်သေဆုံး၊ စစ်ကောင်စီတပ်က ပြည်သူ ၁ ဦး ပစ်ခတ် သတ်ဖြတ်ပြီး နောင်ထောင်ကျေးရွာနှင့်ကုလားလမ်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နှင့်တောင်ရှေ့ကျေးရွာအုပ်စု တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပြည်သူ့စစ် ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။ ဩဂုတ်လ ၆ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စု တို့အတွင်းသို့ စစ်ကောင်စီ...