တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU – မြိတ်-ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

ဩဂုတ်လ ၉ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်သားများထံသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းများ လာရောက်ပို့ ဆောင်သည့် စစ်ယာဉ်တန်းကို တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာ ကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ် ကောင်စီတပ်၏ ထောက်ပို့ ယာဉ် ၂ စီး ပျက်စီးလည်းခဲ့ကြောင်း၊ တိမ်းမောက်ပျက်စီးသွားသော စစ် ကောင်စီ၏ ယာဉ်အတွင်းမှ ပျက်စီးနေသော ကာမီကာဇေ အသေခံဒရုန်း ၂ စီး အပါဝင်အဝင် လက် နက်ငယ်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၁ နှင့်‌ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...