တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က တနင်္သာရီမြို့နယ် ၊ သစ်ပင်ခြောက်ရွာကို ရောက်နေ သည့် စစ်ကောင်စီ တပ်သားများကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့မှ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၁ နာရီ ၈ မိနစ်တွင် တနင်္သာရီမြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီအချိန် သစ်ပင်ခြောက်ကျေးရွာမှ ပြန်ထွက်လာ သည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးကျော် ဒဏ်ရာရရှိကာ သေဆုံးမှုအရေ အတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားအပြစ်မဲ့ပြည် သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီတွင် တနင်္သာရီမြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေး ရေးတံတားဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မြိတ်မြို့မှ တနင်္သာရီမြို့ဖက်သို့ စစ်ကောင်စီ၏ ရိက္ခာနှင့် စစ် ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဥ်တန်း ၇ စီးကို ရမ်းဖိုရွာနှင့် ကမ်းတိုရွာ အရောက် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း၊ အလားတူ ကြိုတင်လမ်းကင်းယူ ထားသည့် စစ်ကောင်စီ တပ်သားများနှင့် အပြန်လှန်ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာ တိုက်ပွဲကို စစ်ကူနှင့် ရိက္ခာပို့ပြီး မြိတ်ဘက်သို့ ပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့် တနင်္သာရီမြို့နယ် လယ် တောင်ယာရွာရှိ လမ်းကင်းယူ‌နေသည့် စစ်ကောင်စီတပ်သားများကို ထပ်မံ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ယယ်တောင်ရွာ၌ လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သား များမှာ ည ၈ နာရီ ၄၉ မိနစ်တွင် တနင်္သာရီမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF တပ်ဖွဲ့ဝင်များကို သာမန်ပြည်သူများထင်ကာ ပေါ်တာဆွဲဖမ်းဆီးသည့် အရာခံဗိုလ်လှကျော် နှင့် တကက ညီညီမိုးတို့ ပစ်ခတ်ခံရပြီး

PDF တပ်ဖွဲ့ဝင်များကို သာမန်ပြည်သူများထင်ကာ ပေါ်တာဆွဲဖမ်းဆီးသည့် အရာခံဗိုလ်လှကျော် နှင့် တကက ညီညီမိုးတို့ ပစ်ခတ်ခံရပြီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၉ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးတွင် PDF တပ်ဖွဲ့ဝင်များကို သာမန်ပြည်သူအထင်ဖြင့် ပေါ်တာဆွဲဖမ်းဆီးသည့် အရာခံဗိုလ်လှကျော်နှင့် တကက ညီညီမိုးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် အမှတ် ၃၈၀၂ တပ်ရင်းကထုတ်ပြန် သည်။ ဩဂုတ်လ ၇ ရက် နံနက်...