သံလွင်မြန်မာသတင်း
ဩဂုတ်လ ၈
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းတိုက်နယ်အတွင်း၌ စစ်တပ်အတွက်အလုပ်လုပ်ပေး နေသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ နေသည့် ပုပ်ပုပ် (ခ) နေလင်းအောင်ကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၆ ရက်နေ့က ကော့သောင်းမြို့နယ် မလိဝမ်းတိုက်နယ် အောင်မေတ္တာ ကျေးရွာ အုပ်စု ၊ ဆယ်အိမ်စုတွင် နေထိုင်သူ ပုပ်ပုပ် (ခ) နေလင်းအောင်သည် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးခြင်း ၊ သုံးစွဲခြင်း၊ လက်နက်ကိုင်ဆောင်ကာ စစ် တပ်ကို လမ်း ပြပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်း၊ နေရာများကို စုံစမ်းပေးခြင်းတို့ လုပ် ဆောင်နေသော ကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။
“သူကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးပြီး ခံဝန်ကတိတွေနဲ့ အကြိမ်ကြိမ် လက်မှတ်ရေးထိုး ထားတယ်၊ ဒါကို သူက မလိုက်နာဘူး။ စကစနဲ့ပေါင်းပြီး ထပ်ထပ်ကျူးလွန်တယ်။ အခုလည်းတော် လှန်ရေးအင်အားစုတွေရှိတဲ့နေရာလာ စုံစမ်းတာ၊ အဲဒီအချိန်မှာ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာ ပါ။” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကော့သောင်းမြို့နယ် နှင့် ခမောက်ကြီးမြို့နယ် အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ခေတ်စနစ်တစ်ခု၏ အနာဂါတ်ဖြစ်သော လူငယ်များကို ပျက်စီးစေသည့် စိတ်ကြွဆေးပြား (WY) များ အား ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ကြပါရန်နှင့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူလူ ထုကို အနိုင်ကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်နှင့်ပူးပေါင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းများ လုပ်ဆောင်သူများကို တွေ့ရှိ၍ ဖြစ်စေ၊ တိုင်ကြားလာ၍ဖြစ်စေ ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း အသိပေးထားသည်။
ထို့အပြင် စစ်ကောင်စီယန္တယားတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့်လည်း ပြည်သူဘက်မှ ရပ် တည်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလုံကြရန်နှင့် ပြည်သူဘက်သို့ မရပ်တည်သော မည်သူ့ကိုဖြစ်စေ လုပ်ထုံးလုပ်နည်းအတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media