ရေဖြူမြို့နယ်တွင် ခမရ ၄၀၇ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦးသေဆုံး

ရေဖြူမြို့နယ်တွင် ခမရ ၄၀၇ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ခမရ ၄၀၇ တပ်ရင်းမှ  ထွက်လာသော စစ်တပ်စစ် ကြောင်းကို တိုက် ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန် သည်။

ဩဂုတ်လ ၅ ရက်၊ နံနက် ၇ နာရီ ဝန်းကျင်က ရေဖြူမြို့နယ်၊ အမှတ် ၄၀၇ ခြေမြန်တပ်ရင်းမှ ထွက် ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းတပ်ရင်းအနီးတွင် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ Tavoy People Liberation Force (TPLF) ၊ ဣားသစ္ဆတ်(ကျားသစ်နက်) နှင့် ဘီလုံးပျောက်ကျား တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ မစိုးရိမ်ရ ထိခိုက် ဒဏ် ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ် သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန်နှင့် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုကာတိုက်ခိုက်နိုင်သ ဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာ ကျင့် ကြံနေထိုင်ကြပါရန် တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီတပ်မှ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန် ဆုံး ပူးပေါင်းပေးကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...