သံလွင်မြန်မာသတင်း
ဩဂုတ်လ ၆
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်းမြန်မာနယ် စပ်ရှိ နတ်အိမ်တောင်စစ်တပ်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး – MSRF က ထုတ်ပြန်သည်။
ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ရေဖြူမြို့နယ် ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် အင်အား ၆၀ ပါ စစ်ကောင်စီ စစ် ကြောင်းကို ကော့လှိုင်ရွာအနီးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂ နာရီအချိန်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်တပ်စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွား ကြောင်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်းမှ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိ ကာ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော MA-4 အမျိုးအစား သေနတ် ၁ လက်၊ ၆၀-မမ ဗုံးသီး ၄ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ MA ကျည်ဘောက် ၇ ခု နှင့် MA ကျည်အတောင့် ၁၀၀ ကျော် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA) တပ်မဟာ – ၆ တပ်ရင်း ၂၇ ၊ ရာမညမွန်တပ်တော် (R.M.A)၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF) ၊ ဗျူဟာ ၃၃ ဒေါနစစ်ကြောင်း စစ်ဆင်ရေးအဖွဲ့နှင့် ကြယ်လင်း ရောင်(ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media