တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခိုက်ခိုက်မည်ဟု ဗျူဟာ ၃၅ ကြေညာ
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၃
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့အတွင်းရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်း စစ်ဌာန ကွက်ကဲ မှုအောက်ရှိ ဗျူဟာ ၃၅ က ကြေညာသည်။
တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၅) နယ်မြေဖြစ်သည့် ပုလော မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက် လာခြင်း ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများက ခုခံတိုက်ခိုက်လျက်ရှိရာ ထိတွေ့ တိုက်ပွဲများ နေရာအနှံ့ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေး ရှောင်နေသည့် ခရီးသွား ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု ဆို သည်။
အလားတူ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသည့် နေရာများရှိ ကျေးရွာများမှ ပြည်သူ ၁၀ ဦးကို အဓမ္မစစ်မှုထမ်းစေခိုင်းရန်အတွက် ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့စစ်ကြောင်းဝင်ရောက်သည့် နေရာဒေသများတွင် ပြည် သူများအား ဖမ်းဆီးခြင်း၊ အဓမ္မစေခိုင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ပြည် သူလူထု၏ ပစ္စည်းဥစ္စာများခိုးယူ/သိမ်းယူခြင်း၊ လုပ်ဆောင်လျက်ရှိကြောင်းနှင့် နေအိမ်များအား မီးရှို့ ဖျက်ဆီး ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်း/တပ်ဖွဲ့၊ စစ် ကြောင်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲနေသည့်နေရာ များကို အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် မြိတ်-ပုလော အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့တွင် သော်လည်းကောင်း၊ ၎င်းလမ်းပိုင်းများတလျှောက်နှင့် ဆက်စပ် နေရာများရှိသော စစ်ကောင်စီတပ်စွဲ ထားသည့်နေရာများတွင်သော်လည်းကောင်း ခရီးသွားပြည်သူများ၊ ကျေးရွာပြည်သူများအနေဖြင့် အ ကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုပဲ ကြိုတင်ရွေ့ပြောင်းထားကြပါရန် ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media