Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကမ်းစပ်ရှိ ပြည်သူပိုင်လှေကို လာရောက်ခိုးယူသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၂

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအနီး ကမ်းစပ်၌ ဆိုက်ကပ်ထားသော ပြည်သူပိုင် လှေတစ်စီးကိုလာရောက်ခိုးယူသော စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ထားဝယ်မြစ်ကြောင်းအတိုင်းဝင်ရောက် လာသည့် စစ် သင်္ဘော ၂ စီး နှင့် Speed Boat ကမ်းတက် ရေယာဉ် ငယ်တစ်စီးသည် ကညိုကျွန်းရွာအရှေ့သို့ ရောက်ရှိလာ ကာ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ ပွိင့်ဖွိက်စက်သေနတ်များ၊ 20 mm စက်လက်များဖြင့် ဆက် တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကမ်းကပ်ထားသည့်ပြည်သူပိုင်လှေငယ်များကို Speed Boat ကမ်းတက်ရေယာဉ်ငယ် တစ်စီး ဖြင့်လာရောက် ခိုးယူနေခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ယင်း Speed Boat ကမ်းတက် ရေယာဉ် ငယ်ပေါ်မှ စစ်သား ၃ ဦး ကျည်ထိမှန် သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ယင်းကမ်းရေယာဉ် Speed Boat မှာလည်း ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘောပေါ်မှ လက် နက်ကြီးများ၊ ပွိင့်ဖိုက်စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ိသရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး စခန်းကုန်းနေရာ ၃ ပုံ ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး...