Tanintharyi News

Tanintharyi News

ကျွန်စုမြို့နယ်၊ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူးအောင်မြင့်ကို ဝင်ရောက်ဖမ်းဆီး၊ စစ်တပ်က ရမ်း သမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၇

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီး ရာ သေဆုံးသွားကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်က ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူး အောင် မြင့်အား နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်မှထွက်ပြေးသွားကြောင်း၊ ထိုနောက်လိုက်လံရှာ ဖွေခဲ့ရာ သူ့အပေါင်းပါလူမိုက်များနှင့်အတူတွေ့ရှိရပြီး အောင်မြင့်၏ အပေါင်းပါလူမိုက်များက တုတ် ဓားများဖြင့် ပြန်လည်ခုခံကြောင်း၊ ထို့ကြောင့် သေနတ်နှစ်ချက်ဖောက်၍ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အပေါင်း အပါလူမိုက်များမှာ ထွက်ပြေးသွားသဖြင့်အုပ်ချုပ်ရေးမှူး အောင်မြင့်ကိုခေါ်ဆောင် လာနိုင် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းမိသည့် အောင်မြင့်၏ ခန္ဓာကိုယ်ပေါ်ရှာဖွေရာ ဘီယာချမ်းအတိုနှစ်ဘူးနှင့်ရှုလက်စ မြင်း ဆေးများ၊ ခဲပြားများ တွေ့ရှိရကြောင်း၊ ခေါ်ဆောင်လာရာလမ်းတစ်လျှောက်တွင်လည်း အော်ဟစ် ဆဲ ဆိုနေခဲ့ပြီး ဆေးကြောင်နေကာ စိတ်ပုံမှန်မဟုတ်သည့်လက္ခဏာလည်းတွေ့ရှိရသည်ဟု ဆိုသည်။

 

ဖမ်းဆီးခေါ်ဆောင်လာစဉ် စစ်သင်္ဘောတစ်စီးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိရာကို ပွိုင့်ဖိုက်ဖြင့် ဦးနှိမ် ပစ်ခတ်ချီတက်လောသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ နေရာယူ လှုပ်ရှားနေစဉ် ဖမ်းဆီးလာသူအောင်မြင့်မှာ အခွင့်ကောင်းယူပြီး အော်ဟစ်ဆဲဆိုကာ ထွက်ပြေးရန် ကြိုးစား သော ကြောင့် အခြေအနေအရ မလွှဲမရှောင်သာ ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း အသိပေးထားသည်။

 

“အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ခဲ့ပါဘူး။ စခေတွဘက်က ရမ်းသမ်းပစ်ခတ်တာပါ။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်လာနိုင်ခဲ့ပါတယ်၊ ရွာကို စခတွေလာတယ်လို့လည်း လောလောဆယ်တော့မကြားရသေးဘူး။ အုပ်ကြီးအသစ်လည်း‌ လောလောဆယ်မခန့်နိုင်သေးပါဘူး” ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

‎ အဆိုပါ လုပ်ဆောင်မှုကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ်ပကဖဇုန် ၆ နှင့် ဒေါင်း နက်အဖွဲ့ ၃ ဖွဲ့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသော မဲတောကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မြင့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၏ အကြိမ်ကြိမ်သတိပေးနေသည့်ကြားမှ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ခြင်း စစ်မှုထမ်းများအတွက် အုပ်စုရွာများတွင် ငွေကြေးကောက်ခံ ခြင်း များဆက်လက် ပြုလုပ်လျက်ရှိသောကြောင်း ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

‎အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများအနေဖြင့် မိမိတို့၏ လုပ်ရပ်များအား ရပ်တန့်ကြရန်နှင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါက ထိရောက်သည့်အရေးယူဆောင်ရွက်များ ‌လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
SAC News

SAC News

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပဲခူးတိုင်းအတွင်း ပျောက်ဆုံးနေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃   ပဲခူးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။   ဇူလိုင်လ ၁...