Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာအတွင်း ဝင်ရောက်တပ်စွဲသော စစ်ကြောင်းထဲမှ စစ်သား ၁ ဦးက အသက် ၇၀ ကျော်အရွယ် အဖွားအိုကို ခင်ပွန်းဖြစ်သူရှေ့မှာပင် အကြိမ်ကြိမ် မုဒိမ်းကျင့်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာအတွင်း ဝင်ရောက်တပ်စွဲသော စစ်ကြောင်းထဲမှ စစ်သား ၁ ဦးက အသက် ၇၀ ကျော်အရွယ် အဖွားအိုကို ခင်ပွန်းဖြစ်သူရှေ့မှာပင် အကြိမ်ကြိမ် မုဒိမ်း ကျင့်ခဲ့ကြောင်း Rosy Women Union – Dawei ထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာအတွင်း ဝင်ရောက်တပ်စွဲ သော စစ်တပ် စစ်ကြောင်းထဲမှ အသက် ၄၀ ကျော်အရွယ် စစ်သား တစ်ဦးက ခင်ပွန်းဖြစ်သူ ကျန်းမာ ရေးမကောင်း သ ဖြင့် ကျန်ရှိနေခဲ့သော အသက် ၇၀ ကျော်အရွယ် အဖွားအိုတစ်ဦးကို ခင်ပွန်းဖြစ်သူ ရှေ့မှာပင် နှစ်ရက် ဆက်တိုက် ၅ ကြိမ်ထက်မနည်း မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်တပ် စစ်ကြောင်း ဝင်ရောက်စဉ် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသော်လည်း အသက် ၇၀ ကျော်အရွယ် အဖွားအိုမှာ ခင်ပွန်းဖြစ်သူ နားမကျန်းဖြစ်နေသဖြင့် ပြုစုရန် အတွက် လည်းကောင်း၊ ၎င်းကိုယ်တိုင်လည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်သဖြင့် တိမ်းရှောင်ခြင်းမပြု တော့ပဲ နေအိမ်၌ပင် ကျန်ရစ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မုဒိမ်းကျင့်ခဲ့သည့် စစ်သားကို အထက်အရှိများက ဖိုးချေ ဟု နာမည်ခေါ်ဆိုသည် ကျူးလွန်ခံရသူ အ မျိုးသမီးက ထွက်ဆိုထားကြောင်း၊ ယခုအခါ အဓမ္မပြုကျင့်ခံရသည့်အဖွားအိုမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးအခြေအနေ ကျဆင်းလျက်ရှိပြီး အထူးစောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း Rosy Women Union – Dawei က ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်၏ ယခုကဲ့သို့ ကျူးလွန်မှုအပေါ် နှင်းဆီရောင် အမျိုးသမီး များသမဂ္ဂ(ထားဝယ်) –  Rosy Women Union – Dawei  အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သား၏ ကျူးလွန်ခံရသူကို နှင်းဆီရောင် အမျိုးသမီး များသမဂ္ဂ (ထား ဝယ်) – Rosy Women Union – Dawei အဖွဲ့မှ လူကိုယ်တိုင်တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပြီး ကျူး လွန်ခံရသူ၏ ဂုဏ်သိက္ခာအရ နာမည် မဖော်ပြခြင်းဖြစ်ကြောင်း၊ ထို့အပြင် အသက်အရွယ်ကြီး ရင် ပြီး ကြောက်လန့်ခြောက်ခြားနေသဖြင့် ကျူးလွန်ခံရသည့် ရက် အတိအကျကိုလည်း ကာယကံရှင် အနေဖြင့် မှတ်မိရန် ခက်ခဲနေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့်အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ဓားပြ ၂ ဦးလည်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မန္တလေးတိုင်း၊ PSLF/TNLA ထိန်းချုပ်မြိုန့ယ်၊ မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့် အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးရာ ရဲတပ်သား...