Tanintharyi News

Tanintharyi News

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNLA မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ဇွန်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သားများစခန်းစွန့်ခွာထွက်ပြေးသွားပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းစခန်းအတွင်းမှ အကြမ်းဖက်စစ်သားများနှာ ဝင်းဝ တပ်စခန်းဘက်သို့ ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၁၂ ၊ တပ်ခွဲ ၂ နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ကေအဲန်ယူ၊ မြိတ်-ထားဝယ် ခရိုင်အတွင်း၌ စစ်ဘေးရှောင်နေရသူ ၈၀,၀၀၀ (ရှစ်သောင်း) ဦးကျော်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...