Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၃၁

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ် ပကဖ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အခြေ စိုက် ခမရ ၅၅၆ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့် တနင်္သာရီမြို့ဘက်သို့ ခြေလျင်လျှောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရမ်းဖိုကျေးရွာအနီး အရောက် မိုင်း ၂ ဆွဲပြီး တိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရမ်းဖိုကျေးရွာအနီးတွင် ရပ်တန့်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ နှင့် တနင်္သာရီ ရိုးမပြည်သူ့ကာကွယ် ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအနေဖြင့် လုံခြုံ သော နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

မြိတ် – တနင်္သာရီမြို့ လမ်းမကြီးတလျှောက် စစ်ရေးတင်မာမှုများရှိနေပြီး ပြည်သူများအနေဖြင့် ကား မှန်များ ဖွင့်ပြီး မောင်းနှင်ခြင်း၊ ကုန်ကားများ တာလပတ်ဖွင့်၍ မောင်းနှင်ခြင်းတို့ လုပ်ဆောင်ပေးပါ ရန်၊ ခရီးသည်တင် ကားများ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း မပြုလုပ်ကြရန် နှင့် စစ်ကောင်စီယာဥ်တန်းများနှင့် နီးကပ်စွာသွာလာခြင်းများ ရှောင်ကြဥ်ကြရန် အသိပေး ထုတ်ပြန် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ...