ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူ ၃ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ၃ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ပျူ ၃ ဦးသေဆုံးကာ ကျန်ပျူ များမှာ ဒရောသောပါးဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
သိမ်းပိုက်ရရှိသော ပျူစခန်းအား နယ်မြေရှင်းလင်းစဉ် ပျူအလောင်း ၃ လောင်း၊ M16A1 အမျိုးအစား ရိုင်ဖယ်သေနတ် ၄ လက်၊ ၎င်းကျည်ဘောက် ၂ ခု၊ AK-47 ရိုင်ဖယ် သေနတ် ၁ လက်၊ ၎င်း ကျည် ဘောက် ၄ ခု၊ ၅.၅၆ ကျည် အတောင့် (၁ဝဝဝ) ၊ ၇.၆၂ ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင် အမျိုး သားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ မဟာမိတ်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ် မြေရှင်းလင်းကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media