Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၈ တပ်ရင်းနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်သားအများ အပြား ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၈ တပ်ရင်းနှင့် စစ်တပ်စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း တနင်္သာရီမြို့နယ်ပကဖ ကထုတ် ပြန်သည်။

 

ဇွန်လ ၁၇ ရက် ည ၉ နာရီ ၅၀ မိနစ်က တနင်္သာရီမြို့နယ်၊ကမ္မလိုင်းရွာအခြေအစိုက် ခမရ ၅၅၈ တပ် ရင်းကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ပ.က.ဖ အဖွဲ့နှင့်‌ တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ က သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရ သည်။

 

ဇွန်လ ၁၈ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ မြန်မာအင်းတော်ဘက်မှ ကူးလာသည့် စစ်တပ် စစ် ကြောင်းကို တမုတ်ချူံးရွာထဲအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းထန်ဒဏ်ရာရရှိပြီး တနင်္သာရီမြို့ဘက်ကို ဦးတည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မြိတ်မြို့မှ သိန်ခွန်းတိုက်ပွဲဘက်သို့ တက်လာသည့်ရိက္ခာ တင်ကားနှင့် စစ်ကြောင်းကို တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် သမုတ်ချူံးရွာကြားတွင်တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ် တိုက်ပွဲ ၂၅ မိနစ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

တစ်ဆက်တည်းမှာပင် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ စစ်ကောင် စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပ.က.ဖ ဇုန် ၄ ၊ မြိတ်ခရိုင် တပ်ရင်း ၁ နှင့် မြိတ်ခရိုင်တပ်ရင်း ၂ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်း ၉ ခုကို တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးအရှင်မိကာ လက်နက် ၁၆ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   ပဲခူးတိုင်း ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များအတွင်းရှိ...