Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကိုတိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၈

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ရေဖြူပကဖ ထံမှ သိရသည်။

 

ဇွန်လ ၁၅ ရက် နေ့ကရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာရှိ ရွှေမိုးညိုဘုရားအနီး တပ်စွဲထား‌ သော စစ်ကောင်စီ၏ ယာယီတပ်စခန်းကို ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့မှဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံးပြီး အများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အုန်းပင်ကွင်းအခြေစိုက်မောရဝတီရေတပ်စခန်းဌာနချုပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို  ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ်ခရိုင် အ မှတ် ၁ တပ်ရင်း  ၊ T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) သာဂရစစ်ကြောင်း ၊ ဒေါန တပ်ရင်း ၊ တပ်ခွဲ-၆ (ဝေဟင်)၊ တပ်ခွဲ-၇ (LPF) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံး တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ကာ စစ်ရေးများဖော်ဆောင်နေ သည့် အချိန်ကာလဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...