Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဧကနီကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး ထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၄

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

မေလ ၂၉ ရက်နေ့က ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ‌သောအကြမ်း ဖက် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂ ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထိတွေ့မှုဖြစ်ပွားရာနေရာမှ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း – T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း ၊ ဒေါနတပ်ရင်း

တပ်ခွဲ-၆ (ဝေဟင်) ၊ တပ်ခွဲ-၇ (LPF) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံး တပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့သည် စုဖွဲ့မှုပိုမိုကောင်းမွန်စွာဖြင့် အကြမ်းဖက် စစ်‌ကောင်စီ တပ်ကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့်အတူအမြန်ဆုံးပူးပေါင်းပါဝင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...