Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၈

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။

 

ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ တောင်ပေါ်ကျောင်း၌ တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -YPPDF ၊Dawei Guerrilla Revolutionary Foce (DGRF) ၊ Tavoy People Liberation Force (TPLF) ၊ ဧဒင်မှူးတပ်ဖွဲ့၊ ကားသစ္ဆတ် (ကျားသစ် နက်) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့နှင့်ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြပါရန် တိုက် တွန်းထားသည်။

 

တနင်္သာရီ တိုင်းအတွင်းသို့ စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြပါရန်နှင့် ဗုံးခိုကျင်းများတူးထားကြပါရန် ဆက်လက် တိုက်တွန်းထားသည်။

 

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင် ခိုလှုံ၍ အ မြန်ဆုံး  ပူးပေါင်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့...