Tanintharyi News

Tanintharyi News

သရက်ချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၈

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရ သည်။

 

မေလ ၂၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်က သရက်ချောင်းမြို့နယ်အခြေစိုက် ဝါးရိပ်ခွန်အား ပြောက် ကျားတပ်ဖွဲ့ ရှေ့တန်းစခန်းအနီး စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ခုခံ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၈ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထပ်မံ၍ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖအဖွဲ့ဝင်ဖြစ်သော ဝါးရိပ်ခွန်အား ပြောက်ကျားတပ်အဖွဲ့ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။ အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မလန်းကျေးရွာဘက်သို့ လုံးခင်း၊ ယမ်း ချက်ဘက်မှ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်...