Tanintharyi News

Tanintharyi News

ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်းရန်ဖြစ်ပြီး စကေဘာနဲ့ထိုးသတ်မှု ပျူစောထီး ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီးအချင်းချင်း စကားများရန်ဖြစ်ပြီး စကေဘာဖြင့် ထိုးသတ်ရာ ပျူစောထီး ၁ ဦးသေဆုံးသွား ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။

 

မေလ ၂၂ ရက် ညပိုင်းက ခမောက်ကြီးမြို့နယ်၊ မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပျူစောထီး အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ် ပျူစောထီး အချင်းချင်း စကားများ ရန်ဖြစ်ပြီး ကုလားဆို သည့် ပျူစောထီးမှ ပရှုးဆိုသည့် ပျူစောထီးကို စကေဘာဖြင့် ၆ ချက် ထိုးသတ်ရာနေရာမှာပင်သေ ဆုံးသွားကြောင်း သိရသည်။

 

“၂၂ ရက်နေ့ကည မလိဝမ်းက ပျူစောထီးတွေ မလိဝမ်းအုပ်ချုပ်ရေးမှူးရုံးမှာ စကားများရန်ဖြစ်ကြ တယ်၊ ဘာအတွက်ကြောင့်စကားများရန်ဖြစ်တာလဲ‌တော့မပြောတတ်ဘူး။ စကားများရန်ဖြစ်တဲ့ အချိန်မှာ ကုလားဆိုတဲ့ သူက ပရှူးဆိုတဲ့သူကို စကေဘာနဲထိုးတာ၊ မလိဝမ်းသားတွေပဲ၊ နာမည် အရင်း တော့မသိဘူး။ ရွာထဲခေါ်တဲ့နာမည်တွေပေါ့၊ စကေဘာနဲ့ ၆ ချက်ထိုးတာ၊ နေရာမှာပဲ သေ သွားတယ်၊ အခုစကေဘာနဲ့ထိုးတဲ့ ကုလားကိုတော့ ဖမ်းထားတယ်၊ ပျူစောထီးတွေအချင်းချင်းပဲ၊ ရန်ဖြစ်ပြီးတော့ သတ်လိုက်တာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး...