Tanintharyi News

Tanintharyi News

လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ – စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

 

မေလ ၂၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ -စရဖ ရုံးကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်း တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ် အဖွဲ့၊ ကျောင်းသားတော်လှန်ရေးအဖွဲ့နှင့် ဒေါနတပ်ခွဲ ၇ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...