Tanintharyi News

Tanintharyi News

ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဒုရဲတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၉

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – ပုလော PDF ထံမှ သိရသည်။

 

ယနေ့မေလ ၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ ပုလော မြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်များက ဝင် ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ သေ ဆုံးခဲ့ပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရဲများကိုင်ဆောင် အသုံးပြုသော G-3 ရိုင်ဖယ် ၁ လက်၊ ကျည်အတောင့် ၂ဝဝ ၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ရာထူးတံဆိပ် ၁ စုံ နှင့် ဆားဗစ်ဘားတန်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်၏ ခလရ ၂၈၅ တပ်ရင်းမှ စပူပြင်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၅ ချက် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် အောက်ပေါင်းကျေးရွာနေ အရပ်သားပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...