Tanintharyi News

Tanintharyi News

ထိုင်း -မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၉

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးတပ်စခန်းကို အပြီးသတ် သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း Force For Federal Democracy -FFD တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့မေလ ၉ ရက်နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချုပ် လက်အောက်ခံ ကံပေါက်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ စစ်သားများ အခြေချ တပ်စွဲ ထားသည့် ထီးခီးခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်ပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် သား၊ ထိခိုက်သေဆုံးမှု၊လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများကို စိစစ်လျက်ရှိကြောင်း သိရသည်။

“ထီးခီးစခန်း ဒီနေ့ပဲ သိမ်းပိုက်ရရှိပါပြီ။ နှစ်ဖက်အကျအဆုံး၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု၊ သုံ့ပန်းဖမ်းဆီးရရှိမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု Force For Federal Democracy -FFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေ မှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နှင့် TPLF ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ဧပြီ နောက်ဆုံးပတ်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ် ဆင် တိုက်ခိုက်နေခဲ့ရာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းမှပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၄၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားမှုရှိခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ် -ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်သည်။ စက်တင်ဘလ ၇ ရက် နံနက် ၈ နာရီခန့်က အမှတ် ၈...