Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ၌ ၅ လကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၁၅၀ ခန့်သေဆုံး၊ စစ်သား ၁၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မေလ ၈

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာတွင် ၅ လကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၁၅၀ ခန့်သေဆုံးကာ စစ်သား ၁၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သားအထိနာပြီး လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်ကူအင်အားပို့ဆောင်ကာ ဆက်လက်ချီတက်နေခြင်းတို့ကြောင့် ၅ ခန့်ကြာသည်အထိ တိုက်ပွဲပြင်း ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

‎အဆိုပါ ၅ လတာကာလအတွင်း တိုက်ပွဲ အကြိမ်ရေ ၁၀၀ ကျော်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် စစ်သား  ၁၅၀ ဦး ခန့်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ကာလတွင်လည်း နေ့စဉ်နေ့တိုင်း ထိတွေ့မှုများဖြစ်ပေါ်လျက်ရှိပြီး စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုများကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း အနည်းထိခိုက်ဒဏ်ရာရရှိမှုရှိ ကြောင်း သိရသည်။

 

‎ထိတွေ့တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၁၂ ဦး KNLA တပ်ရင်း ၁၁ ထံ လက်နက် နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ခဲ့သည့် တပ်သားအများစုမှာ ထိုင်းနိုင်ငံ ဘက်မှ မြန်မာနိုင်ငံသို့ ပြန်ပို့စဥ် အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

‎အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ KNLA ၊ KTLA တပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ -ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

‎တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသနေမိဘပြည် သူများ၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးသတိ၊ လုံခြုံရေးအသိ၊သတိရှိစွာဖြင့် သွားလာနေထိုင် ပေးကြပါ ရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...