ပုလောမြို့နယ်တွင် နာမည်ကြီးပျူခေါင်းဆောင် ကုလားနီ၊ ကျော်သူရအပါအဝင် ၃ ဦးတို့ အရက် သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
မေလ ၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် နာမည်ကြီးပျူခေါင်းဆောင် ကုလားနီ၊ ကျော်သူရ အပါအဝင် ၃ ဦးတို့ ပုလောမြို့ပေါ်ရှိ ဆန်းဝင်း အရက်ဆိုင်၌ အရက်သောက်နေစဉ် ပစ်ခတ်ခံရကာ သေဆုံးသွား ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ မေလ ၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဆန်းဝင်း အရက် ဆိုင်တွင် သောက်စား မူးရူးနေသည့် ပုလောကုန်းကျေးရွာပျူခေါင်းဆောင် ကုလားနီ ၊ ပလမြို့ ပျူ ခေါင်းဆောင် ကျော်သူရ နှင့် ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သူ ပျူသန်းနိုင် တို့ကို မြိတ် ခရိုင် အမှတ် ၁ တပ်ရင်းနှင့် မြိတ်ခရိုင် ပကဖ ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ၃ ဦး စလုံး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ၃ ဦးစလုံးသည် စစ်ကောင်စီတပ်အတွက် အဓိကထောက်တိုင်များဖြစ်ကြပြီး ပြည်သူများ ကိုလည်း ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်များကို အတင်း အဓမ္မ စစ်မှုထမ်းစုဆောင်းခြင်းတို့လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ကို လမ်းပြ ပေးခြင်း၊ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းနှင့် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ် ဆောင်ရာတွင်လည်း အဓိက ပါဝင်နေကြသူမျးဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော ပျူများကို စစ်ကောင်စီတပ်က ထုတ်ပေးထားသည့် လက်နက်ထုတ်ပေးထားကာ ပုလောမြို့နယ်အတွင်း ကျူးလွန်သည့် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media