Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ဆိပ်ကမ်းဘောတံတားတွင် ငါးလွှတ်ရန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat တစ်စီးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားတွင် ငါးလွှတ်ရန် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat တစ်စီးပျက်စီးခဲ့ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၀ ရက်နံနက် ၉ နာရီခန့်က ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်း၊ ဘော တံတားတွင် ငါးလွှတ်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်၊ Speed Boat တစ်စီးဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။

Photo – ပုံဟောင်း (ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီသင်္ဘောတစ်စီးကို တွေ့ရစဉ်)

ထို့သို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်သား များအသုံးပြုသော Speed Boat တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Special Guerilla Force – အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...