Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး ဆီဆုံကုန်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၁၀ ဦး ခန့်သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၇

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး ဆီဆုံကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မြိတ်မြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့မတ်လ ၂၆ ရက် နံနက် ၇ နာရီ ၂၄ မိနစ်တွင် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး ဆီဆုံ ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့ မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီ ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိ ကြောင်း သိရသည်။

“တပ်ဖြန့်ထားတာလည်းရှိ၊ အထိုင်ချထားတာလည်းရှိတယ်။ စုစုပေါင်းအင်အားက ၁၀၀ ကျော် ၂၀၀ ဝန်းကျင်လောက်ရှိမှာ၊ လေယာဉ်လာတာမျိုးတော့ မရှိဘူး။ လက်ရှိအထိအဲဒီနေရာရှိနေသေးတယ်။ မြိတ်အခြေစိုက်တပ်ရင်းက စခတွေပါ၊ အခုကတော့ အင်အားနည်းလာတာပေါ့၊ ကော့သောင်းဘက် ဟာတွေလည်းပါနိုင်တယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးလည်းလောလောဆယ်တော့ မရှိပါဘူး” ဟု မြိတ်မြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရမ်းဖိုကျေးရွာအနီး ဆီဆုံကုန်းတွင် မတ်လ ၂၂ ရက်နေ့ကတည်းက အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောကြီးမြွေဟောက် တပ်ဖွဲ့ နှင့် ပကဖဇုန် ၃ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...