Tanintharyi News

Tanintharyi News

သရက်ချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်း တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၆ ရက် နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီတို့တွင် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေး ရွာ တွင် တပ်စွဲနေထိုင်သော အင်အား ၇၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီစစ်ကြောင်းကို ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့၊ T5Wings ဒရုန်း တပ်ဖွဲ့နှင့် DRAGON SQUAD DRONE FORCE တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ထားဝယ်ခရိုင်အတွင်းတွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားအသုံးပြု၍ စစ်ကြောင်းများ ဆက်လက်ထိုးလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိပြီး စစ်ကောင်စီ တပ်များနှင့် ဝေးရာတွင် နေထိုင်ကြရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်တွင် စစ်ဗိုလ်ပါကားတစ်စီးနှင့် ရေခပ်ဆင်းလာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ်အပါအဝင် ၈ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ဗိုလ်ပါကားတစ်စီးနှင့်ရေခပ်ဆင်းလာသော စစ် သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း...