Tanintharyi News

Tanintharyi News

ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားရှိ စခစက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက် ည ၈ နာရီ ၅၃ မိနစ်က ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်း​ဘော တံတား၌ စစ်​ကောင်စီတပ်သားတင်​ဆောင်ကာ ကမ်းကပ်ထားသည့် ​လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူး​ပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီစခလှေက အမြဲတမ်းကပ်ထားတာတော့မဟုတ်ဘူးဗျ။ စစ်ကူ ဒါမှမဟုတ် တစ်ခုခုကြောင့် ထွက် ဖို့ကပ်ထားတာပါ၊ ထားဝယ်မြို့ပေါ်က စခတွေပါပဲ။ အရေအတွက်ဘယ်လောက်ရှိလဲတော့ အတိအ ကျ မသိရဘူး။ ကျနော်တို့ဘက်က RPG စပစ်ပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမှောင် ထဲကနေ အခွင့်ယူပြီးတိုက်ခိုက်ခဲ့တာမို့ အချိန်သိပ်မကြာလိုက်ပါဘူး” ဟု ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု အတိအကျ ရရှိရန် စုံစမ်းနေသဖြင့် ထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

 

မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအနေအရ ထိတွေ့ဆက်ဆံရမှု များရှိနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိရာနေရာများမှ အတတ်နိုင်ဆုံး ကြိုး စားကာ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၅   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း Peacock...