တနင်္သာရီမြို့နယ်တွင် စစ်တပ်နေ့စဉ်နှင့်အမျှ လေကြောင်းဖြင့် ဗုံးကြဲ၊ နေအိမ်များကိုမီးရှို့(ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်း ဖြင့် ဗုံးကြဲ၊ နေအိမ်များကို မီးရှို့၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း တနင်္သာရီမြို့နယ် ပကဖ က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခု၊ ဒီဇင်ဘာလ တတိယအပတ်မှစတင်ခဲ့သည့် တိုက်ပွဲများသည် ဖေဖော်ဝါရီ ၁၅ ရက် အထိ သိန်ခွန်းရွာ၊ ထုံမခါရွာနှင့် အနီးတဝိုက်တို့တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နေ့စဉ်နှင့် အမျှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာကို စစ်တပ်က ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ်အများ အပြား မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“Video – ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သိန်းခွန်းရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသော မြင်ကွင်း
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တနင်္သာရီ -မော့တောင်နယ်စပ်လမ်းကို ပြန်ထိန်းဖို့အတွက်၊စကစ တပ်ပေါင်းစုအဖွဲ့ပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ အခြေအနေကတော့ အခုထိဆိုးရွားနေ တုန်းပါ ပဲ၊ လက်ရှိလည်း လေယာဉ်နဲ့ဗုံးကြဲနေပါတယ်၊ နေ့တိုင်းလိုလိုလည်း ဗုံးကြဲ၊ တိုက်ပွဲလည်းနေ့တိုင်းဖြစ် အရပ်သားအိမ်တွေအမြောက်အမြားမီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေလည်း အ များကြီးလုပ်တာတွေ ရှိပါတယ်” တနင်္သာရီမြို့နယ် ပကဖ က ပြောဆိုထားသည်။
နှစ်လနီးပါး ရှိလာပြီဖြစ်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနေ သကဲ့သို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များဘက်မှလည်း ရဲဘော် ၇ ဦးထက်မနည်း ကျဆုံး ကာ ၁၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ထုံခါ၊ ကော့ ယွန်း၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ၊ ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာနှင့် ဗောဓိကမ်းကျေးရွာတို့မှ ဒေသနေပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စစ်ကောင်စီသည် တနင်္သာရီမြို့နယ်အတွင်း၊ အရပ်သားပြည်သူများအား လေကြောင်း တိုက်ခိုက်မှု အပြင် ပြည်သူနေအိမ်များကို အကြောင်းမဲ့မီးရှိုခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း ဆက် တိုက်လုပ်ဆောင်လျက်ရှိပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန် ထားသည်။
Thanlwin Myanmar Media