Tanintharyi News

Tanintharyi News

မြိတ် – ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ရွှေဂူဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၅

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြိတ် -ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ရွှေဂူဂိတ် စခန်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်မြို့နယ်၊ မြိတ်-ထားဝယ် အမှတ်၈ ပြည်ထောင်စုလမ်းမပေါ်ရှိ ရွှေဂူဂိတ်ရှိ စစ်သားများက ၎င်းတို့၏ ဘန်ကာများ အခိုင်အမာပြန်လည် တည်ဆောက်နေချိန် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့နှင့် T5 wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ ယခုထက်မက တိုက်ခိုက်ချေမှုန်းနိုင်ရန် မိဘ ပြည်သူများက ဝိုင်းဝန်းလက်တွဲပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...