Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်မျာကို မီးရှို့၊ ပစ္စည်းများခိုးယူ လုယက်နေသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်တိုက်ခိုက် ချေမှုန်းလျက်ရှိရာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်း ဆည်း ရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်များကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းလျက်ရှိရာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ဇန်နဝါရီလပိုင်းမှ စတင်၍ တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များကိုဖျက်စီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင် နေသောကြောင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ပြန်လည် ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ယင်း ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ ဖြစ်ပွားနေပြီး တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များလည်း သိမ်းဆည်းရရှိ ထားကြောင်း၊ ထို့ပြင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိပြီး နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိ စခ စစ်ကြောင်းက သိမ်ခွန်းဘက်ကို တစ်ဖွဲ့ ထုံမခါဘက်ကို တစ်ဖွဲ့ တိုးလိုက် ဆုပ်လိုက် လုပ်နေတယ်။ တိုက်ပွဲတွေ အတွင်းမှာ စခ ၂၀ ကျော်သေဆုံးတယ်။ သိမ်ခွန်းရွာဘက်ကတိုက်ပွဲမှာ တော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာရှိတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်ပွားနေတော့ ကျနော်တို့ အတိအကျ ထုတ်ပြန်လို့မရသေးဘူး” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း နေရာအနှံ့၌ စစ်ကောင်စီတပ်သားများ ဖြန့်ကျက်ထားမှု ကြောင့် တိုက်ပွဲများ‌ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း၊ သိမ်ခွန်းရွာဘက်နှင့် ထုံမခါရွာဘက်များတွင် စစ်တပ်က ထပ်မံအင်အားဖြည့်တင်းထားကာ ညောင်ပင်ကွင်းရွာနှင့် မုတ်ဆိတ်ကွင်းရွာ အကြား တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...