Tamu News

Tamu News

တမူးမြို့နယ်၊ မြို့သစ်မြို့ကို သိမ်းပိုက်ရရှိ၊ စခန်းမှူး ရဲကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင် နှင့် ဒုရဲအုပ်မျိုးသန့် တို့အပါအဝင် ၂၁ ဦး အလံဖြူထောင်လက်နက်ချ

 

D Day News

မေလ ၁          ၁

 

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး စခန်းမှူး ရဲကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင် နှင့် ဒုရဲအုပ်မျိုးသန့် တို့အပါအဝင် ၂၁ ဦး အလံဖြူထောင်လက်နက်ချခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မေလ ၇ ရက်နေ့မှ စတင်၍ တမူးမြိုနယ်၊ မြိုသစ်မြို့တွင် အခြေပြုနေထိုသော အမှတ်-၂၂၈ ခြေလျင် တပ်ရင်း (ခလရ-၂၂၈) ၊ SNA တပ်မဟာ- ၈၉၁ (တပ်ရင်း-၃) ၊ ကသည်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ပျူစော ထီး ပူးပေါင်းအင်အား ၂၅၀ ခန့်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မေလ ၁၁ ရက် နံနက် ၁၀ နာရီအချိန်တွင် မြို့သစ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒုရဲအုပ် ကျော်ကျော်လွင်၊ ဒုရဲအုပ် မျိုးသန့် တို့အပါအဝင် ၂၁ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခဲ့ပြီး အကြမ်းဖက်စစ်သား သေဆုံးမှုနှင့် ထိ ခိုက်ဒဏ်ရာရရှိမှု စာရင်းအတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

ထို့ပြင် လက်နက်ငယ် ၂၉ လက်၊ ၆၀ မမ ၁၂ လုံး၊ အီနာဂါ ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ Station Jammer ၃ ခု၊ ကျည်အိမ် ၃၄ ခုနှင့် ကျည်ဆံအချို့သိမ်းဆည်းရရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တမူးခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး တမူးခရိုင် တပ်ရင်း- ၂ ၊ အထူးလှုပ်ရှား တပ်ရင်း-၉ ၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တိုမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး တမူးမြို့နယ် ပကဖမှ ထောက်ပို့ အနေဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...