ကလဲ့တက်တက် ရိသဲ့သဲ့ ဟာသများ “ကျွဲဝယ် လိုတဲ့ပြဿနာ”
မောင်နိုင်ထူး
ရှမ်းကြိုက်ရင် နွားချောဆိုတဲ့ စကား လူတိုင်းကြားဖူးကြမည် ထင်ပါသည် ။
ညောင်ခါးရှည်ရွာ ရောက်လာသော ရှမ်းစုရွာ ဦးဗိုလ်သိန်းတို့ သမီးယောက္ခ တစ်သိုက် နွားမလိုပဲ ကျွဲဝယ်ချင်သောကြောင့် ပြဿနာက အဲဒီမှာ စသည် ။
ရွာခံကိုမြင့်သိန်းမှာ မိုးဉီးကာလတောင်ယာ ထွန်ယက်စိုက်ပျိုးချိန်ဖြစ်သော်လည်း လူရင်းဧည့်သည် များဖြစ်နေသောကြောင့် သားအကြီးဖြစ်သူ မောင်ဦးကိုသာ ယာထွန် နှမ်းကြဲ ခိုင်းထားခဲ့ပြီး ရွာထဲမှ ကျွဲရောင်းမည်ဆိုသည့် အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက်လိုက်ပြပေးသည် ။
ဦးဗိုလ်ဟိန်းတို့ ကျွဲ အသက်ခွဲပြီး ချေးများ ရွေးချယ်နေပုံကို ကိုမြင့်သိန်းတစ်ယောက် ဘဝင်မကျ ဒေါပွချင်လာသည် ။
ကျွဲ ၊ နွား အ ရောင်းဝယ် ဝါသနာပါသူတွေလို သွားတစ်ချောင်းစိုက် နှစ်ချောင်းစိုက် အံသွားကြည့် ခွာခြားတာမှ မဟုတ်ဘဲ ။
ဦးဗိုလ်ဟိန်းကျွဲ အသက်ခွဲနေပုံကိုလဲ ကြည့်ဦးလေ။
ဦးချိုက အရစ်တွေကြည့်ပြီးခွဲသတဲ့ ။
ကျွဲမဦးချိုက တစ်ရစ်ရှိ ရင် တစ်သားကျ၊ နှစ်ရစ်ရှိရင် နှစ်သားကျ ။ အဲဒီတော့ ရောင်းသူ ဝယ်သူ အ ဆင်မပြေဖြစ်နေသည်။
ဒီလိုနဲ့ တစ်ရက်လဲ မဟုတ်နှစ်ရက်လဲ မဟုတ် ကျွဲရောင်းမည့် အိမ်က ကျွဲတွေလိုက်ပြပြီး မညား (မဝယ်) ဖြစ်တော့…။
ကိုမြင့်သိန်းတစ်ယောက် ဒေါသနဲ့လုံချည်ကိုလှန်ပြပြီး ပြောလိုက်သည်မှာ-
“ဒီမှာမိတ်ဆွေကျုပ်အဝှာကို သေချာကြည့် တစ်ရစ်ပဲ ရှိတယ် ဒါပေမယ့် ကလေး ငါးယောက် ရပြီ” ဟူသတည်း ။
Thalwin Myanmar Media