ကလက်တက်က် ရဲ့သဲ့သဲ့ ဟာသများ “လိုပါဘူးတော်”
မောင်နိုင်ထူး
၂၀၁၅ ခုနှစ်ဝန်းကျင်လောက်က ကျနော် စိုက်ပျိုးရေးဝန်ထမ်းဘဝနဲ့ မြန်မာနိုင်ငံ အနှံ့ တာဝန်ထမ်း ဆောင်ရာ နေရာသေဒ တော်တော်များကိုသွား ရောက်နေထိုင်ခဲ့ဖူးသည် ။
ကျနော့်တို့ စိုက်ပျိုးရေးဆေးကုမ္ပဏီမှတင်သွင်း ဖြန့်ချိသောစိုက်ပျိုးသုံးဆေးတွေကို ကြော်ငြာရင်း တောင်သူလယ်သမား များစွာရဲ့ရှေ့မှာ ဆွေးနွေးပွဲပေါင်းများစွာပြုလုပ်ခဲ့ရသည်။
ကိုယ်လေ့လာထားသလောက်ပြောပြဆွေးနွေးရင်း၊သူတို့သိလိုရာကို ရှင်းပြရင်း၊ တောနေလူတန်းစား များစွာနဲ့ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။
တစ်နေ့ ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်၊ ရွှေတန်ရွာက မလှတင်၏ စိုက်ခင်းထဲမှာ ကွင်းဆင်းလေ့လာ ကြည့်ရင်း စိုက်ခင်းထဲကျရောက်ဖျက်ဆီးနေသော ပိုးမွှား၊လှေး၊ရွက်စားပိုး၊မှို၊သံချေးရောဂါတို့အတွက် ဆေးဖျန်းရန် ဆေးအညွှန်းလေးရေးပေးပြီး မလှတင်အား ဆေးညွှန်းစာရွက်ကမ်းပေးစဉ် မလှတင် စကား ကြောင့်ကျနော် စွံ့ အ သနားမိသွားသည် ။
“ငါ့ကို သုံးစွဲရမယ့် ဆေးအညွှန်းတွေ ရေးပေး မနေနဲ့ ငါက စာတစ်လုံးမှ ဖတ်တတ်တာမဟုတ်ဘူး” တဲ့။
မလှတင် စကားကို ကြားလိုက်သောအခါ ကျနော့်နဲ့ အတူ ပါလာသော ဆေးဆိုင်ပိုင်ရှင် ကိုနိုင်မှ…
“ဟယ် !…နင်! ယောက်ျားလဲ ရနေပြီစာတစ်လုံးမှ မဖတ်တတ် ဘူးဆိုတော့ နင်တို့သမီးရည်းစား ဘဝ တုန်းက တစ်ယောက်နဲ့ တစ်ယောက် ရည်းစားစာ ပေးတာမရှိဘူးလား? “။
ကိုနိုင့်အမေးစကားကို ပြန်ဖြေလိုက်တဲ့ မလှတင်ရဲ့ စကားကြောင့် စာမဖတ်တတ်တာကို သနားမိ သွားသော ကျနော့်မှာ တစိမ့်စိမ့်တွေးရင်း ပြုံးစိစိဖြစ်နေရတော့သည်။
“ငါ နဲ့ င့ါယောက်ျားက တစ်ရွာသားတည်းဟာကို နတ်သျှင်နောင်နဲ့ ဓာတုကလျာလို တစ်တန်ပေတစ် ရွက် ပေးနေစရာလိုပါဘူးတော်၊ ကဗျာတွေ စာတွေ ပေးတာထက် လူချင်းချိန်းတွေ့တာက ပိုထိ ရောက် မှု ရှိတယ် ဟဲ့ !” တဲ့ ။
Thanlwin Myanmar Media