“မုန်တိုင်းကြားက ပန်းတပွင့်”
တေဇ (CDM)
“ကျမ အစ်မခိုင်းခဲ့တာကို တာဝန်ကျေအောင် လုပ်နေပါတယ်။ မမအတွက်သာမက ကျမတို့တိုင်း ပြည်တစ်ခုလုံးကို ဗုံးကြဲ၊ မီးရှို့၊ မမနဲ့ညီလေးတို့လို အားနည်းမိန်းကလေးတွေအပေါ် မုဒိမ်းကျင့်နေတဲ့ ဒီ စစ်မိစ္ဆာတွေကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်သွားပါ့မယ်လို့ ကတိပြုပါတယ်။”
ရေမြက်ကျေးရွာလေးဟာ အညာဒေသက ကျေးရွာလေး ဖြစ်တဲ့ အလျောက် ရွာအဝင် တမာတန်းက အညာဒေသရဲ့ အမှတ်တံဆိပ်ကို ထင်ပေါ်လျက်ပင်။
၂၀၂၁ ခုနှစ် စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံခဲ့သည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်သားတွေကလည်း မတရားမှုကိုလက်မခံပဲ ထိပ်ဆုံးကန ပါဝင် တိုက်ခိုက် ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ အားကောင်းလာတာနဲ့အမျှ မပပတို့ရဲ့ရေ မြက်ကျေးရွာ ၊ မစိန်တင်တို့ရဲ့ ကန်ပေါက်ကျေးရွာတွေရဲ့ အနီးပတ်ဝန်းကျင်မှာ အကြမ်းဖက်စစ်တပ် နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။
၂၀၂၁ ဒီဇင်ဘာလ ( –) ရက်
ရေမြက်ကျေးရွာလေးအပေါ်ကို ဝဲပျံလာတဲ့ စစ်ကောင်စီ လေတပ်ရဲ့ တိုက် လေယာဉ် တွေပေါ်က သေမင်းတမန် ဗုံသီးတွေ၊ ကျည်ဆန်တွေ မိုးရွာချသလို ကျရောက်လာသလို ပေါက်ကွဲသံတွေက လည်း ပွတ်လောညံလျက်ပင်။
“ဂျိမ်း”
“အုန်း”
“ရွှီ..ရွှီ”
“အမလေး ကယ်ကြပါဦး ကျမသမီးလေး သေပါပြီ။”
“ဟဲ့ ကလေးတွေ မပြေးကြနဲ့ ဝပ်နေဝပ်နေ။”
တခဏအတွင်းမှာပဲ စစ်ပွဲ၏ အနိဌာရုံ မြင်ကွင်းတွေ၊ ကလေး။ လူကြီး အော်ဟစ်ဆူညံသံတွေက နားထဲပဲ့တင်ထပ်လျက်ပင်။
လက်နက်ကိုင်တပ်သားတွေ တစ်ယောက်မှ မရှိတဲ့ ရေမြက်ကျေးရွာလေးထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လူကြီး၊ လူငယ်၊ ကလေးသူငယ်တွေအားလုံးကလည်း ကောင်းကင်ပေါ်ကို မော့ပင်မကြည့်ရဲ။
မြေကြီးထဲ ဝပ်စင်းနေလျက်ပင်။
လေယာဉ်သံငြိမ်တဲ့အချိန်မှာ ရွာသူ၊ ရွာသားတွေအားလုံး ရွာပြင်ခင်ရိုးတန်းတွေဆီကို အပြေးအလွှား ထွက်ခဲ့ကြပါတယ်။ ဘာကြောင့်ဆိုရင် လုံခြုံမယ်ဆိုတဲ့ စိတ်အထင်ကြောင့်ပါ။
“ဖမ်း ဖမ်း”
“တွေ့တဲ့သူအကုန်ဖမ်း။”
“ကလန်ကဆန် လုပ်နေရင် တစ်ခါတည်းသာ ပစ်သတ်ဟေ့။”
“ဒိုင်း ဒိုင်း”
“စစ်တပ်ကို အာခံတာ ဒီရွာလား။”
“တစ်ရွာလုံးသတ်ပစ်မယ်။”
“ဒီလူတွေလဲ PDF အမျိုးတွေပဲ အကုန်ဖမ်း။”
ဆဲသံ၊ အော်သံ၊ ကြိမ်းမောင်းသံတွေကြားမှာ မခင်ထားတို့ ညီအစ်မတွေနှင့်အတူ ရွာသူရွာသားတွေ အကုန်နီးပါး ဖမ်းခံလိုက်ရပါတယ်။
“သွားသွား”
“အကုန်ရှေ့ကသွား။”
“ထွက်ပြေးရင်တစ်ခါတည်းပစ်သတ်ဟေ့။”
ဖမ်းဆီးလိုက်တဲ့ လူတွေအားလုံးကို စစ်သားတွေက တနေရာဆီခွဲပြီး ချုပ်နှောင်ထားလိုက်ပါတယ်။
အမျိုးသမီးသပ်သပ်၊ ကလေးတွေက သပ်သပ်နှင့် လူကြီးတွေက သပ်သပ် တနေရာဆီခွဲချုပ်နှောင် ကာ နည်းမျိုးစုံနဲ့ စစ်ဆေးခဲ့ကြပါတယ်။
“ပြောစမ်း”
“ခင်များတို့ရွာထဲကို PDF တွေ ဘယ်အချိန်လာသလဲ၊ ဘာတွေပြောသလဲ။”
“မသိပါဘူး ဆရာကြီးတို့ရယ်”
“ဖုန်း”
“ခွပ်”
“အမလေးသေပါပြီဗျ”
“မသိစရာလား၊ ခင်ဗျားတို့ညာနေတာ။”
“တကယ်ကိုမသိတာပါ။”
“ခွပ်”
“ခွပ်”
“ဒုတ်”
“ခင်ဗျားတို့ ရွာက စစ်တပ်ကိုပြန်တိုက်နေတဲ့အဖွဲ့မှာ ဘယ်သူတွေပါသလဲ။”
“မသိပါဘူး။ ကျွန်တော်တို့တကယ်မသိတာပါ။”
“မသိအုန်းကွာ”
“ဖုံး”
“ဘုံး”
မေးလိုက် ကန်လိုက်၊ ရိုက်နှက်လိုက်၊ ခံရသူက အော်သည်းနဲ့ကြားရအသံများက ဝဋ်ငရဲအလား ဆူညံ ပွတ်လောရိုက်လျက်ပင်။
ထုရိုက်နှိပ်စက်နေတဲ့အသံတွေကို မခင်ထား၊ ညီမဖြစ်သူ မပပတို့ မိကလေးတစ်စုလည်း အတိုင်းသား နေရပါတယ်။
အနီးအနားနားမှာလည်း စစ်သားတွေက အရက်တွေသောက်၊ ဆဲဆိုအော်ဟစ်သံ၊ ရွာသူ ရွားသားတွေ ကို ရိုက်နှက်နှိပ်စက်နေတဲ့ အသံတွေက မိန်းကလေးတစ်စုအတွက် နားထဲမဆံ့ကြောက်ဒူးတုန်နေရပါ တယ်။
“ကောင်မလေးတွေ ထွက်ပြေးရင်အသတ်ခံရမယ်နော်။”
“နင်တို့ကိုလည်း စစ်ဆေးစရာတွေရှိသေးတယ်။”
ဒီလိုနဲ့ အရက်မူးမူး။ အာဏာရူး စစ်သားတွေရဲ့ ကာမသားကောင်းဘဝ၊ ပန်းကောင်းအညွန့်ချိုးခံခဲ့ လိုက်ရ တာဟာ မခင်ထား၊ မပပ အပါအဝင် မိန်းကလေး ၈ ယောက်တိတိပင်။
……………………
တစ်နှစ်ခန့်ကြာသော်-
မခင်ထားတစ်ယောက် ကိုအောင်ဇော်နှင့် ဆုံတွေ့ကာ ချစ်သူရည်းစားဖြစ်ခဲ့ကြပါတယ်။
အတိတ်က အရိပ်ဆိုးတွေကို ပြည်ဖုံးကာချပြီးပြီမို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်သားတွေရဲ့ ယုတ် မာအနိုင်ကျင့် မုဒိမ်းကျင်ခံခဲ့ရတာတွေကို ကိုအောင်ဇော် လည်း ဖွင့်မပြောမိခဲ့ချေ။
ချစ်ရသူ ကိုအောင်ဇော်နှင့် လက်တွဲပြီး ဘဝသစ်တစ်ခုကို ထူထောင်ကာ နေထိုင်လာခဲ့ရင်း ကိုယ်ဝန် ၃ လပင် ရရှိနေလေပြီ။
ယဉ်ကျေးမှုထုံတမ်းစဉ်လာ ရှေးရိုးစွဲ အယူအဆတွေကြားထဲတွင် စစ်တပ်ရဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံ ထားရတဲ့ မိန်းကလေးတစ်ယောက်အတွက် နေစရာနေရာ မရခဲ့ပေ။
ကိုအောင်ဇော်ကလည်း မခင်ထားရဲ့ အတိတ်ဖြစ်ရပ်ဆိုးသိရှိပြီးတဲ့နောက်မှာတော့ မခင်ထားကို စွန့်ခွာသွားခဲ့လေပြီ။
မခင်ထားတစ်ယောက် မိမိကို မုဒိမ်းကျင့်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို ဘဝဆက်တိုင်း လက်စား ချေခွင့်ရဖို့ ဘုရားမှာဆုတောင်းရုံမှ တစ်ပါး ဘာမှ တတ်နိုင်တာလည်းမရှိ။
ဒီလိုနဲ့ ဘဝရှေ့ရေး ရွေးချယ်စရာလမ်းက မရှိဖြစ်လာခဲ့တဲ့အချိန်မှာ ဘဝကို အရှုံး ပေးသွားဖို့ပဲ ဆုံး ဖြတ်လိုက်ပါတယ်။
——-
သို့
ညီမလေး
မမစာရေးထားခဲ့တယ်။
မမ မရှိတော့တဲ့နောက်မှာ အမေနဲ့ ညီမလေးကို မမကိုယ်စား စောင့်ရှောက်ပေးပါ။ မမနဲ့ ညီမလေးက အဖြစ်ဆိုးချင်းတူပေမယ့် ညီမလေးမှာ တခြား စိတ်ဖိအား မရှိလို့အောင်မြင်စွာဖြတ်သန်းနိုင်မယ်လို့ ယုံကြည်တယ်။ ညီမလေး အနေနဲ့ အလိုမတူပဲ အနိုင်ပြုကျင့်ခံရတဲ့ အဖြစ်အပျက်တွေကို အတိတ် မှာထားခဲ့ပါ။ မမ အနေနဲ့က မမဘဝ အနာဂတ်၊ မမမိသားစုအတွက် အားကိုးပြီး ကိုအောင်ဇော်ကို လက်ထပ်ခဲ့တယ်။ ကိုအောင်ဇော်နဲ့ လက်တွဲပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားဖို့ ဆုံး ဖြတ်ခဲ့တယ်။ အကောင်အထည်လည်း ဖော်ခဲ့တယ်။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ကိုအောင်ဇော် ကို ဖွင့်မပြောခဲ့ဘူး။ ကိုအောင်ဇော် ထွက်သွားတာလည်း သူဒီအကြောင်းတွေကို သိသွားလို့လေ။
မမကို နားလည်လက်ခံမပေးနိုင်ဘူးတဲ့။ လူစိတ်မရှိတဲ့ လူယုတ်မာတွေကြောင့် ကိုယ်တန်ဖိုး ထား မြတ်နိုးရသူက စွန့်ပစ်ခံလိုက်ရပါပြီ။ ဒါ့ကြောင့် လူ့လောကကြီးမှာ မမ ဆက်မနေချင်တော့ဘူး။
ပြီးတော့ ညီမလေးကို မမအကူအညီတစ်ခု တောင်းချင်တယ်။ မမတို့ရဲ့ ဘဝတွေကို အနိုင်ကျင့် ဖျက်ဆီးခဲ့တဲ့ ဒီစစ်မိစ္ဆာတွေကို ညီမလေး အသက်ရှင်နေသ၍ လက်စားချေပေးပါ။ အမေနဲ့ မောင် လေးကိုလည်း စောင့်ရှောက်ပေးပါ ညီမလေး။
မမစိတ်ချပါရစေ
…………….
“ကျမ အစ်မခိုင်းခဲ့တာကို တာဝန်ကျေအောင် လုပ်နေပါတယ်။ မမအတွက်သာမက ကျမတို့တိုင်း ပြည်တစ်ခုလုံးကို ဗုံးကြဲ၊ မီးရှို့၊ မမနဲ့ညီလေးတို့လို အားနည်းမိန်းကလေးတွေအပေါ် မုဒိမ်းကျင့်နေတဲ့ ဒီ စစ်မိစ္ဆာတွေကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်သွားပါ့မယ်လို့ ကတိပြုပါတယ်။”
မခင်ထားရဲ့ ညီမ မပပ တစ်ယောက် အံကိုတင်းတင်းကြိတ်ရင်း လက်စာချေလိုတဲ့စိတ်က မျက်ရည်ပင် စီးကျလာချေပြီ။
“ရွှီ………….”
အချက်ပေး တန်းစီ ခရာမှုတ်သံတစ်ချက်နဲ့အတူ စစ်မိစ္ဆာတော်လှန်ရေးအတွက် လေ့ကျင့်ကွင်းသို့ ပြေးဆင်းသွားတဲ့ မပပရဲ့ ပုံရိပ်က ကျားရိုင်းမလေးတစ်ကောင်ကဲ့သို့ အားအင်အပြည့်နှင့်ပင်။
တေဇ (CDM)
Thanlwin Myanmar Media