Story News

Story News

ပေးစာကဏ္ဍ “မုံရွာရဲ့လတ်တလောမြင်ကွင်း”

 

မုံရွာသူ

 

ဖောင်း ဒိုင်း အုံး မြည်

စုံစီအသံ

နေ့စဉ်ညံလို့

အမှန်ကြားနေ

အညာမြေမှာ။ ။

 

နမခတပ်

ရမ်းပစ်ခတ်တဲ့

လက်နက်ကြီးတွေ

သေဆုံးထိနာ

အပြစ်မဲ့ပါ။ ။

 

ဘာညာတိုက်ပွဲ

မရှိပါဘဲ

တိုင်းမှူးအလှူ

ကာဗာယူကာ

ရမ်းပစ်ခတ်လို့

သေဆုံးထိနာ

ပြည်သူတွေပါ။ ။

 

အညာမုံရွာ

ပတ်ပတ်လည်က

တစ်မိုင်အကွာ

ရွာများစွာကို

နေ့ညမရှောင်

ပါရာမော်တာ

သုံးပြီးကျဲချ

ဗုံးလုံးရေက

မြောက်များစွာပေါ့။ ။

 

ကျောက်စစ်ပုံရွာ

အမြောက်တပ်ရင်း

ဗရမ်းဗတာ

ဆင်ခြင်တုံမဲ့

လက်တဲ့စမ်းကြ

သေဆုံးကြတာ

ပြည်သူများစွာ။ ။

 

ဒါကြောင့်

 

ဖက်ဆစ်စစ်တပ်

အမြစ်ပြတ်ရေး

မနှေးအမြန်

လုပ်ဆောင်ရမှာ

တို့အားလုံးရဲ့

တာဝန်ပါနော်။ ။

 

မုံရွာသူ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story

Story

“နဝပ်ထရာသို့ ပေးစာ”   ပျိုးကြဲလက်   နဝပ်ထရာရေ မင်းဟာ နတ်သမီးတပါးလို သိပ်လှသလို လည်းအရမ်းထက်မြက်လွန်းလှပါတယ် ။   မင်းရဲ့ ပြည်သူတွေကိုလည်း ချစ်တတ်လိုက်တာ နဝပ်ထရာ ။   မင်းရဲ့ပြည်သူတွေအတွက် လူသတ်သမား လူရမ်းကားတယောက်ကို မင်းတို့နိုင်ငံကို ဖိတ်ခေါ်ခဲ့ တယ်နော် ။...