စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းညီညွတ်ကြဖို့လိုအပ်နေ
မိုးထက်ဇော် (ပုံတောင်သား)
အခုဆိုရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အားသာချက်က လေကြောင်းပဲ ရှိပါ တော့တယ်။
မြေပြင်မှာ ထိုးစစ်ကနေ့ နေရာတိုင်းက ပိတ်ဆို့တိုက်ခိုက်ချေမှုန်းနိုင်ပြီဖြစ်လို့ ပြည်သူအထိ အခိုက် အနည်းဆုံးနဲ့ အမြန်ဆုံးအောင်မြင်ဖို့အတွက် ဖက်ဆစ်စစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ ထောက်တိုင် အကြီးကြီးတွေဖြိုချဖို့ပဲ လိုပါတော့တယ်။
လားရှိုးကို တရုတ်အားကိုးနဲ့ ပြန်ရလိုက်သလို ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ရုရှားမှာ တွေ့ဆုံ ခဲ့ပြီးဖြစ်တဲ့ မင်းအောင်လှိုင်ဟာ သူ့ကိုယ်ပိုင်တပ်အတွင်းမှာတော့ စွမ်းအားရှင်ကြီးဖြစ်နေပါပြီ။
ဒါ့ကြောင့်လည်း လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းက အ ဆက်မပြတ်စစ်ကြောင်းထိုးတာတွေက အပစ်အခတ်ပါတယ်လို့ သူတို့ကိုယ်တိုင်ကြေညာထားတဲ့ အချိန်ကာလကြီးမှာ မကြောက်မလန့် ချိုးဖောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
မြေပြင်ဝေဟင်နှစ်ခုပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာ နောင်ချိုတောင်ခမ်းက TNLA သိမ်း ပိုက်ထားတဲ့ တပ်စ ခန်း အချို့ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်သလို ဖားကန့်ကို ထိုးစစ်ဆင်နေတာကလည်း တရွေ့ရွေ့နဲ့ ဖားကန်မြို့နဲ့ တဖြည်းဖြည်းနီးလာနေပြီလို့ သိရပါတယ်။
အာဏာကုန်လိုချင်လို့ မတရားအာဏာသိမ်းလိုက်တဲ့မင်းအောင်လှိုင်ဟာ ဘယ်သူသေသေ ဂရုမစိုက် ပါဘူး။ မိုခါမုန်တိုင်းတုန်းကလည်း သူ့အတွက် အသုံးချခဲ့သလို စစ်ကိုင်းငလျင်ကိုလည်း အာဏာ ကိုယ်ကျိုးအတွက် အသုံးချခဲ့တာ လက်တွေ့ပါပဲ။
သဘာဝတရားကြီးက သူ့ကို ကူညီထောက်ပံ့ပေးနေသလိုဖြစ်နေတဲ့အပြင် တရုတ်၊ ရုရှား၊ ထိုင်းနဲ့ အာစီယံအဖွဲ့ကြီးကပါ သူလိုချင်သလို ကလိမ်ကကျစ်နည်းနဲ့ ကစားပြကာ အချိန်ဆွဲလာလိုက်တာ အခုဆိုရင် အခုဆိုရင် ၄ နှစ်ကျော်လာပါပြီ။
တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေဆိုတာက မြန်မာပြည်မှာ သူတို့လိုသလို ကြိုးဆွဲလို့ရမယ့် သူပဲ လိုချင် တာပါ၊ ဒါ့ကြောင့်လည်း အာဏာရှင်စစ်တပ်က နှစ် ၇၀ ကျော်အသက်ရှင်ခဲ့ရတာပါ။ အခုဆိုရင် တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေရပ်တည်ချက်က ရှင်းလင်းပြတ်သားနေပါပြီ။ စစ်အာဏာရှင်မပြုတ် ကျစေရေးနဲ့ မြန်မာပြည်ကို လိုသလိုချယ်လှယ်ခွင့်ရရေးက အဓိကပါပဲ။
လက်ရှိနွေဦးတော်လှန်ရေးဟာ မင်းအောင်လှိုင်စစ်တပ် တစ်ခုတည်းကို တိုက်နေရတာမဟုတ်ပါဘူး။ စနစ်ကို တိုက်ဖြိုနေရတာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေနဲ့ သံ တမန် ရေးစစ်ပွဲတွေဆင်နွှဲနေရတာပါ။
မင်းအောင်လှိုင်စစ်တပ် တစ်ခုတည်းတိုက်ရတာဆိုရင် ၁၀၂၇ စစ်ဆင်ရေးကတည်းက တောက် လျှောက်ချေမှုန်းနိုင်ခဲ့ရင် အခုဆိုရင် ပြီးပြတ်နေပါပြီ။
တရုတ်က ကြားဝင်ပြီး စွက်ဖက်ရာက အခုဆိုရင် လားရှိုးမြို့ကိုပါ ပြန်ပေးလိုက်ရတဲ့အထိ ဖိအားက အတော်ကြီးခဲ့ပါတယ်။
နိုင်ငံခြားသံတမန်ဆိုတာကလည်း အားကြီးသူကိုပဲ ဆက်သွယ်ဆက်ဆံလာကြတာ သဘာဝပါ၊ အား နည်းသူကို အသိအမှတ်ပြုပေမယ့် ကိုယ်ကျိုးအတွက်က အားကြီးသူကိုပဲ ချဉ်းကပ်ကြတာချည်းပါပဲ။
ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အားကြီးအောင်လုပ်ကြရပါ့မယ်။ အားကြီးလာပြီး မြို့ သိမ်းနယ်သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်လို့လည်း တချို့နိုင်ငံတွေက မဆက်ချင်ဆံပေမယ့် ဆက်ဆံ လာကြရပြီ။
ဒါပေမယ့် ဒါက အောင်ပွဲမဟုတ်သေးပါဘူး။
စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ပြီး ကိုယ်လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ပြနိုင်မှ အောင်ပွဲပြီးဆုံးမှာပါ။
ဒါ့ကြောင့်တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်ကိုင်ပြီး ပြည်သူကိုမျက်နှာမမူနဲ့ လုပ်ရပ် တွေ၊ လက်နက်ကိုင်ပြီးဖြစ်တတ်တဲ့ အာဏာပါဝါပြတာတွေ၊ အာဏာပါဝါအပေါ် သာယာမှုတွေ သတိပြုဆင်ခြင်ပြီး တော်လှန်ရေးအင်အားစုအားလုံးညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို ရည် မှန်းရေးနဲ့အနာဂတ်တိုင်းပြည်သာယာဝပြောရေးကိုသာ ဦးတည်ကြပါရန် တိုက်တွန်းလိုပါတယ်။
မိုးထက်ဇော် (ပုံတောင်သား)
Thanlwin Myanmar Media