Story News

Story News

မြန်မာစစ်အစိုးရအနေနဲ့ စစ်မျက်နှာပေါင်းများစွာရင်နေရပြီး နယ်မြေမြောက်များစွာလက်လွတ်ဆုံးရှုံး နေဟု Scroll.in Website တွင် ရေးသားဖော်ပြ

 

ဘာသာပြန်ဆောင်းပါး

သခင်ဇော်ကြီး

 

 

မြန်မာစစ်အစိုးရအနေနဲ့ စစ်မျက်နှာ​ပေါင်း များစွာ တိုက်ရိုက်တွေ့ဆုံနေရပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ရှမ်းပြည်နယ်၊ တရုတ်နယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်တပ်မတော် (Arakan Army) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ် မတော် နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

 

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း တရုတ်မြန်မာနယ်စပ်မြို့တွေကို တမြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့သလို ကရင်လွတ်မြောက်ရေး တပ်မတော် – KNU တို့ကလည်း ထိုင်းနယ် စပ်အနီးမြို့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

ရခိုင်တပ်မတော်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေးများ စတင်ဆောင်ရွက်ခဲ့ခဲ့တဲ့ အချိန်ကစလို့ မြေပြန့်နဲ့ အရေးကြီးတဲ့ မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် တခြားသော တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မြန်မာ စစ် တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်တွေ ပြင်းထန်လျက်ရှိနေတာပါ။

 

၂၀၂၁ ခုနှစ်က ဒီမိုကရက်တစ်ရွေးကောက်တင်မြှောက်အစိုးရကို ဖြုတ်ချ ​အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီ အနေနဲ့  နယ်မြေများစွာ အရှုံး အနေအထားနဲ့ အလဲလဲအကွဲကွဲ အခြေအနေထိ ရင်ဆိုင်နေရပါတယ်။

 

တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ တော်လှန်ရေး အဖွဲ့တွေကို ချိန်ညှိမှုလုပ်ဆောင်ကာ ၎င်းရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းနေပါတယ်။

 

ဒီအချိန်အတောအတွင်း၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပါဝင်မှုကလည်း မပြောပလောက်တဲ့ အနေအထားမှာရှိနေတာပါ။

 

ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံမှုပေးတာ၊ ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်တာတွေ အ သည်းအသန်လိုအပ်နေပါတယ်။

 

စစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်သူတွေအပေါ် ဦးတည် တိုက်ခိုက်တာတွေ ကို ဆတက်ထမ်းပိုး တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ စွပ်စွဲချက်များစွာလည်း ထွက်ပေါ် နေပါ တယ်။

 

နောက်ဆုံး ၂ လအတွင်း၊ ချင်းပြည်နယ်က မြန်မာစစ်တပ်အဖွဲ့ဝင်တွေဟာ အိန္ဒိယနယ်မြေဘက်ကို ထွက်ပြေးမှုတွေရှိနေခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ သလို AA အဖွဲ့အနေနဲ့လည်း နယ်မြေအလုံးစုံကို ထိန်းချုပ်ထားတယ်လို့ ယူဆရပါတယ်။

 

ရခိုင်တပ်မတော်အနေနဲ့က လွတ်လပ်တဲ့ ရှေ့ပြေး ​ပြည်နယ်အစိုးရတစ်ခု အဖြစ်ကို ရောက်ရှိလုနီးပါး ရှိနေပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါပြီ။

 

ဘာသာပြန် – Scroll.in Website

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story

Story

အတ္တကြေးမုံ (ဝတ္ထုတို)   ပျိုးကြဲလက်   ငြင်သာစွာ စတင်ခဲ့တဲ့ အရွေ့တစ်ခုမှသည် တစ်စုံတစ်ယောက်က ရုတ်တရက် ပင့်မြှောက်လိုက်လေ သလား။   ဆတ်ခနဲ လူတစ်ကိုယ်လုံး မိုးပေါ်မြောက်တက်သွား သလို ခံစားလိုက်ရပါတယ်။   ခံစားချက်နဲ့အတူ ဝင်ရောက်လာတဲ့ အသိတခုက လေယာဉ်ပျံ စထွက်ပြီ။  ...