မောင်နိုင်ထူး
ကျနော်တို့ အညာမှာ တောင်ယာလယ်လုပ်အလုပ်ရင်းတစ်ဖက်က ကြက် ၊ ဝက် ၊ဘဲ ၊နွားစသည့် အိမ်မွေးတိရိစ္ဆာန်တို့ကို အိမ် တိုင်းလိုလိုမွေးမြူ ကြသည်။
တကယ်လို့ မိုးခေါင်ပြီး တောင်ယာသီးနှံ မဖြစ်ထွန်းခဲ့လျှင်ဖြစ်ဖြစ် မိုးများရေလျှံ လေထန်လို့ သီးနှံ တွေ ပျက်စီးသွားခဲ့လျှင်ဖြစ်ဖြစ် အိမ်မှာ ရှိတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ရောင်းချပြီး သုံးစွဲကြရ သည်။
သားသမီးကျောင်းစရိတ်ဘာညာနဲ့ တကယ် စီးပွားရေးအဆင်မပြေလို့ ကျွဲ၊နွားလေး ရောင်းရမည်ဆို လျှင်ပင် ကိုယ့်အိမ်မှာ ကျွေးမွေးထားသည့်စိတ်နဲ့ တိရိစ္ဆာန်လေးတွေအပေါ် သံယောဇဉ် တွယ်မိကြ ပြန်သည်။
အိမ်မှာပြန်မွေးဖို့ ဝယ်တဲ့သူနဲ့ သားသတ်ပြီးပြန်ရောင်းတဲ့ ဒိုင်တွေ ယှဉ်ရင် အိမ်မှာပြန်မွေးဖို့ ဝယ်တဲ့ သူကို လျှော့ဈေးနဲ့ ရောင်းပေးတတ်ကြသည်။
ကျနော်တို့အိမ်နားက ဖိုးခင်ဖေသည် ပညာက မတတ်တော့ စကားပြောကလည်း မနပ် စိတ်ထဲရှိတဲ့ အတိုင်း ဗွင်းဗွင်းရှင်းရှင်း ဒဲ့ပဲ ပြောဆိုတတ်သည်။
သူ့အိမ်မှာ မွေးထားသည့် နွားမကြီး မိုးဦးရာသီ တောထဲတောင်ထဲချည်တိုင်မှာ ချည်ထားမိတော့ မှဲ့ ခြင်ယင် သွေးစုပ်၍ မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရသည် ။
ဒါပေမယ့် ထိုနွားမကြီးသည် တစ်နှစ်တစ်သားကျ တဲ့ အပြင် မွေးလာသည့်နွားကလေးများသည် အထီးတွေ ချည်းဖြစ်ပြီး ချောမောလှပ၍ တောင်သူကြိုက်ခိုင်းနွားများဖြစ်သဖြင့် ဈေးကောင်းရ သည်။
တစ်နေ့ အစ်ကိုဖြစ်သူ ဘသန်းက-
“ငါ့ညီ ခင်ဖေရေ ငါ့မှာကျောင်းသား/သူတွေနဲ့ဆိုတော့ စီးပွားရေးက အဆင်မပြေလို့ ငါ့နွားမကြီးကို သားသတ်တဲ့ ဆီရောင်းရတော့မှာ”
“အဲဒီတော့ဒီလိုလုပ် ငါစေတနာနဲ့ ပြောတာကွာ ငါ့နွားမကြီး မင်းယူပြီးမွေး”
“မင့်နွားမအကန်းကြီး ငါရောင်းပြီး သုံးမယ်”
ဟုပြောရာ
ဖိုးခင်ဖေ က
“ဟေ့ကောင် ဘသန်း မင်းလူဝါးမဝနဲ့ ငါ့နွားမကြီးကြသေစေတော့ မင်းနွားမကြီးကြ အသက်ရှင်စေပေါ့ ။ မရဘူး ဘသန်း မရဘူး”
“ငါ့နွားမကြီးက မျက်စိသာကန်းတာ “ဟိုဝှာ” မကန်းဘူးသေးကွ တစ်နှစ်တစ်သား ပုံမှန် ပဲ၊ မလဲနိုင်ဘူးကွ”
ဟူ သတည်း ။
Thanlwin Myanmar Media