Story

Story

“နဝပ်ထရာသို့ ပေးစာ”

 

ပျိုးကြဲလက်

 

နဝပ်ထရာရေ မင်းဟာ နတ်သမီးတပါးလို သိပ်လှသလို လည်းအရမ်းထက်မြက်လွန်းလှပါတယ် ။

 

မင်းရဲ့ ပြည်သူတွေကိုလည်း ချစ်တတ်လိုက်တာ နဝပ်ထရာ ။

 

မင်းရဲ့ပြည်သူတွေအတွက် လူသတ်သမား လူရမ်းကားတယောက်ကို မင်းတို့နိုင်ငံကို ဖိတ်ခေါ်ခဲ့ တယ်နော် ။

 

မင်းရဲ့ အင်မတန်နူးညံ့လှတဲ့ လက်ဖဝါးတော် နုနုလေးနဲ့ လူသတ် ကောင်ကိုများ မရွံမရှာ လက် ဆွဲပြီးနုတ် ဆက်ခဲ့တယ် ။

 

ဒီလုပ်ရပ်အတွက် ငါမင်းကိုတကယ် လေးစားမိပါတယ် ။  မြတ်နိုးမိပါတယ် ။

 

မင်းရဲ့ ပြည်သူတွေထက်မလျော့တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းကိုချစ် လည်းချစ်မိခဲ့ပါတယ် နဝပ်ထရာ ။

 

မင်း နိုင်ငံ မင်းပြည်သူကို မင်းတကယ် ချစ်တယ်နော် ။ ဒါပေမယ့် တကယ်တော့ မင်းရှက်သင့်တယ် နဝပ်ထရာရယ် ။

 

ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးကို ကြည့် မယ်ဆိုရင် ကမ္ဘာ့အနောက်ဘက်ခြမ်းနိုင်ငံများက ကုန် သေတ္တာတင် သင်္ဘောများဟာ စင်္ကာပူဆိပ်ကမ်းမှာ ကုန်ချတယ် ။

 

ပြီးရင် ကမ္ဘာ့အရှေ့ခြမ်းတိုင်းပြည်များက ကိုယ့်တိုင်းပြည်ကို တင်ပို့လိုက်တဲ့ ကုန်စည်တွေကို သယ် ဆောင်ပြီး ပြန်ကြတာပါဘဲ ။

 

ကမ္ဘာ့အရှေ့ခြမ်းတိုင်းပြည်များက သင်္ဘောများလည်း ဒီလိုပါဘဲ ။

 

ကိုယ့်နိုင်ငံက ကမ္ဘာအရပ်ရပ်ကို တင်ပို့မယ့် ပစ္စည်းများကို စင်္ကာပူဆိပ်ကမ်းမှာ လာချပြီး ကမ္ဘာ အရပ် ရပ်က ကိုယ့်နိုင်ငံကို တင်ပို့ မယ့် ပစ္စည်းတွေကို သယ်ပြီးပြန်ကြတာပါပဲ။

 

ဆိပ်ကမ်းပိုင်ရှင်ဖြစ်တဲ့ စင်္ကာပူနိုင်ငံကတော့ ရေပိုင်နက်ဖြတ်သန်းခတွေ ၊ ပင်လယ် ပြင်ညအိပ်ရပ် နား ခတွေ ၊ အမြတ် ခွန် ၊ အကောက်ခွန် ၊ ဝင်ငွေခွန် ၊ကုန်သွယ် ခွန် ၊ မြေငှါးရမ်းခ ၊ အဆောက် အဦး ငှါးရမ်းခ ၊ ဒဏ်ကြေး ၊ နစ်နာကြေး ၊ အလုပ်သမား လုပ်ခလစာ ၊ နိုင်ငံတကာ ရင်းနှီးမြုတ်နှံမှုနှင့် အ တူ အလုပ်အကိုင်အခွင့်အလမ်း အစရှိတဲ့ငွေကြေးအမြောက်အမြားရရှိနေတာပေါ့ နဝပ်ထရာရေ ။

 

ဒါပေမယ့်နဝပ်ထရာ တို့နိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းသာ လည်ပတ်နိုင်ခဲ့မယ်ဆိုရင် ကုန်တင် သင်္ဘောများဟာ မလက္ကာရေလက်ကြားကို ဖြတ်ပြီး မလေးရှားနိုင်ငံကြီးကို ပတ်သွားစရာ မလိုတော့ ဘူး ။

 

အချိန်ကုန် ၊ ဆီကုန်သက်သာပြီး ပင်လယ်ဓားပြရန်ကင်းဝေးတဲ့ ထား ဝယ်ရေနက်ဆိပ်ကမ်းကို အသုံး ပြုကြမှာဧကနမုချ မလွဲပါဘူး ။

 

အဲဒီအခါမှာ စင်္ကာပူမှာ ရှိရင်းစွဲ လုပ်ငန်းရှင်တွေ ၊ အလုပ်သမားတွေ ၊ ရင်းနှီးမြှုတ်နှံမှုတွေ ထိခိုက် ကုန်မှာပေါ့ ။

 

ဒါကြောင့်လည်း ငါတို့နိုင်ငံမှာ ပြည်သူ့အစိုးရလက်ထက်က ထားဝယ်ရေနက်ဆိပ်ကမ်းကို နည်းမျိုး စုံနဲ့ နောက်ကျအောင်လုပ်ခဲ့ကြတယ်လေ ။

 

လျှပ်စစ်ဓာတ်အားတွေ များစွာလိုအပ်တော့ လျှပ်စစ်စီမံကိန်းမှန်သမျှကို သဘာဝပတ်ဝန်းကျင် အ ကြောင်းပြပြီး ကန့်ကွက်ခဲ့ကြတယ် ။

 

မစ္စစ္စပီမြစ်ပေါ်မှာ ဆည်ပေါင်း ခုနှစ်ရာကျော်ရှိနေတာကို မျက်ကွယ်ပြုခဲ့ကြတယ်။

 

အန္တရာယ် အ ရမ်းများတဲ့ နူကလိယားစွမ်းအင်ကို အကောင်အထည်ဖော်ဖို့ တွန်းပို့ခဲ့ကြတယ် ။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး စင်္ကာပူ ဆိပ်ကမ်းက လုပ်ငန်းရှင်တွေကို သံသယဖြစ်မိပါတယ် နဝပ်ထရာ ။

 

စီးပွါးရေးသမားတွေဟာ ထောင်မြင်ရင် ရာစွန့်တတ်ကြတာ သဘာဝပါ ။

 

မင်းတို့နိုင်ငံ ငါတို့ နိုင်ငံက ဒေါ်လာစား နိုင်ငံရေးသမားတွေနဲ့ အယောင်ဆောင် ပညာရှင်တွေရဲ့ စနက် လည်း မကင်းပါဘူး ။

 

ပြီးခဲ့တာတွေကို ပြီးခဲ့ပါစေတော့ နဝပ်ထရာ ။

 

ငါ့တို့ရဲ့ထားဝယ်ရေနက်နက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွါးပါ။

 

တစ်နိုင်ငံ တည်း ဆောင်ရွက်လို့မရပါဘူး ။

 

မင်းနိုင်ငံရဲ့ စီးပွါးရေးကျဆင်းနေတာကို ပြန်လည်ကုစားဖို့ အတွက်ထားဝယ်စီမံကိန်းကို မင်း အသက် သွင်းခဲ့တယ် ။

 

စကစနဲ့ ပထမအကြိမ်တွေ့ဆုံခိုက်မှာ မင်းဘက်ကမီးစိမ်းပြခဲ့လို့ ရုရှကိုသွားပြီး ဆိပ်ကမ်းထိုးအပ်ခဲ့ တာပါနဝပ်ထရာ ။

 

ဒုတိယအကြိမ်မှာလည်း မင်းလက်ဆွဲနုတ်ဆက်ပြန်ပြီနော် ။

 

ငါတို့ပြည်သူ့အချို့က တုံးကြအကြတယ် နဝပ်ထရာ ။

 

မင်းကသံခင်းတမန်ခင်း လျှော့ချဆက်ဆံလိုက်တာကို သူတို့ခမျာ ဝမ်းသာနေကြတယ် ။

 

မင်းကိုအထင်ကြီးလေးစားနေကြတယ် ။

 

မင်းက မအလကို ခေါ်ပြီး အရှက်ခွဲပြတာပါလို့ ထင်နေကြလေရဲ့ ။

 

ရုရှလည်း အရှက်ခွဲခဲ့ဘူးတယ် ။

 

တရုတ်ကလည်းခေါ်ပြီး ကြပ်ခဲ့ဖူးတယ် ။

 

ပြီးရင်ကော်ဇောနီကြီးခင်းပြီးကြိုတာ သူတို့မမှတ်မိကြရှာဘူး ။

 

သူတို့ရဲ့ ခေါင်းပေါ်မှာ ဗုံးမိုးရွာချ လာခဲ့ရင်ကို မင်းကိုကျေးဇူးတင်တဲ့စိတ်နဲ့ အသက်ဆုံးသွားကြရရှာ မှာ ပါနဝပ်ထရာ ။

 

ထားဝယ်စီမံကိန်းကြောင့် ထိုင်းပြည်သူတွေ အခြေအနေတိုးတက် ကောင်းမွန်လာမှာကိုတော့ မုဒိ တာပွါးမိပါတယ်နဝပ်ထရာ ။

 

ဒါပေမယ့်ကွာ ငါတို့နိုင်ငံမှာ ဗုံးမိုးတွေ သည်းသည်းမဲမဲ ရွာမှာက မြေကြီးလက်ခတ် မလွဲပါဘူး ။

 

အခုချိန်မှာ စီမံကိန်းလုပ်ကွက်တွေကို ဘယ်လောက်များများ ကြိုတင်ရောင်းချထားလဲ မသိနိုင်ဘူး နဝပ်ထရာ ။

 

ငါဟာ အညာသားတယောက်ပါ ။ ငါတို့ပြည်သူတွေအတွက် မင်းရဲ့ရှေ့တော်မှောက်မှာ ဒူးထောက်ရဖို့ လည်းဝန်မလေးပါဘူး ။ ဒူးထောက်ပါတယ် ။

 

ဦးညွတ်ရဖို့လည်းဝန်မလေးပါဘူး ။ ဦးညွတ်ပါတယ် ။

 

စီမံကိန်းကို ခေတ္တ ဆိုင်းငံ့ပေးပါ နဝပ်ထရာ ။

 

မင်းရဲ့ဆုံးဖြတ်ချက် တခုဟာ လူပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်သလို သေလည်းသေ စေနိုင်ပါတယ် နဝပ်ထရာ ။

 

ငါတို့ဟာ လူဝါမျိုးနွယ်စုတွေပါ ။ သွေး ချင်းတွေပါ ။

 

ထိုင်းမှာ ဆူနာမီဖြစ်တော့ ငါတို့ရင်ကွဲမတတ် ခံစားခဲ့ကြရတယ် ။

 

ငါတို့ငလျင်ဒဏ် ၊ မုန်တိုင်းဒဏ် ၊ စစ်ခွေး ဒဏ်ခံရတော့ ထိုင်းပြည်သူတွေ စက္ကန့်နှင့်အမျှ ပူလောင်ခဲ့ ကြရတယ် ။

 

မင်းမှာ ကိုယ်ချင်းစာစိတ် အပြည့်ရှိနေတာကို ငါသိပါတယ်နဝပ်ထရာ ။

 

မင်းရဲ့ပြည်သူတွေကို တကယ်ချစ်ရင် ငါတို့ပြည်သူတွေကို တကယ်ကိုယ်ချင်းစာရင်စစ်ကောင်စီနဲ့ ဝေးဝေးနေပေးပါလို့ အနူးအညွတ်တောင်းဆိုပါတယ် နဝပ်ထရာ ။

 

မင်းဟာ ငါတို့အတွက် အင်မတန်ထက်မြက်တဲ့ နတ်သမီးတပါးပါ ။ မင်းဆီက လာမယ့် အကြင်နာ တွေကို တို့အားလုံးစောင့်မျှော်နေပါတယ် နဝပ်ထရာ ။ ။

 

ပျိုးကြဲလက်

 

ရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story News

Story News

ပေးစာကဏ္ဍ "မုံရွာရဲ့လတ်တလောမြင်ကွင်း"   မုံရွာသူ   ဖောင်း ဒိုင်း အုံး မြည် စုံစီအသံ နေ့စဉ်ညံလို့ အမှန်ကြားနေ အညာမြေမှာ။ ။   နမခတပ် ရမ်းပစ်ခတ်တဲ့ လက်နက်ကြီးတွေ သေဆုံးထိနာ အပြစ်မဲ့ပါ။ ။   ဘာညာတိုက်ပွဲ မရှိပါဘဲ တိုင်းမှူးအလှူ...