SSPP News

SSPP News

ကျားဖြန့်အွန်လိုင်းငွေလိမ်သူများကို လက်ခံထားခြင်းမပြုရန်နှင့် ကျားဖြန့်ငွေလိမ်သူများကို ဖမ်းဆီး ပြီး တရုတ်နိုင်ငံသို့ ပို့မည်ဟု SSPP/SSA ထုတ်ပြန်

 

D Day News

မေလ ၁၄

 

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း၌ ကျား ဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း လက်ခံထားရှိခြင်း မပြုရန် နှင့် ကျားဖြန့် ငွေလိမ်သူများကို ဖမ်းဆီးပြီး တရုတ်နိုင်ငံပို့ဆောင်မည်ဖြစ်ကြောင်း SSPP/SSA က အမိန့် ထုတ်ပြန်ထားသည်။

 

မေလ ၁၃ ရက်တွင် SSPP/SSA ကိုယ်စား ဒုဥက္ကဌ (၁) ဒု ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းက ရှမ်းဘာသာ ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါ အဝင် မိဘပြည်သူများ အားလုံး သိရှိ လိုက်နာ စေရန် ဟုဆိုကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အမိန့် ထုတ်ပြန်ချက်တွင်

 

(၁) ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက် ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ SSPP/SSA ၏ အုပ်ချုပ် ရေး နယ်မြေအတွင်း လုံးဝ (လုံးဝ) နေထိုင်ခွင့်မပြုရန်။

 

(၂) မိမိတပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများ အနေဖြင့် အမိန့် ထုတ်ပြန်ချက်ကို မလိုက်နာပဲ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ခိုလှုံခွင့်ပေးခဲ့ပါက အောက်ဖော်ပြပါ ပြစ်ဒဏ်များ ကျခံရမည်။

(က) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများကို လက်ခံထားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံရမည်။

 

(ခ) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများအား ခိုလုံခွင့်ပေးသည့် နေရာကို ပြည်သူပိုင် အဖြစ် သိမ်း ဆည်းမည်။

 

(ဂ) ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများကို ဖမ်းဆီးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရထံ ပြန်လည် လွှဲ ပြောင်း အပ်နှံမည်။

 

ဖြစ်ကြောင်း ဖော်ပြထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF...