Shwe Bo News

Shwe Bo News

ရွှေဘိုမြို့ရဲစခန်းနှ့င်တရားရုံးတို့၌ တပ်စွဲထားသော စစ်သား၊ ရဲများကို ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် ၈ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့မရဲစခန်းနှင့် တရားရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲ များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျား ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် နေ့က ရွှေဘိုမြို့မရဲစခန်းနှင့်တရားရုံးတို့ကို Multirotor ဒရုန်း ၂ စီး ၊ Fixed Wings ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်အပေါ်အပါ် တိတိကျကျ ထိမှန် ပေါက်ကွဲခဲ့ပြီး စစ်ဗိုလ်တစ်ဦး၊ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ အခြားအဆင့်ရဲဘော် ချမ်းဝင်း၊ ဇော် ထိုက်(ခ) ဂျက်ကော့တို့အပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/WcSfbW-FAYs

ဗုံးထိမှန်သေဆုံးဒဏ်ရာရအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ကား ၉ စီးဖြင့် ရွှေဘိုမြို့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း၊ ဆက်လက်၍ မိဘပြည်သူများကို ဒုက္ခအမျိုးမျိုး ပေးနေသည့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများ၊ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ Drop For Justice – DFJ ၊Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF.NK Drone ၊ရွှေဘိုအားမာန် မြို့ပြပျောက်ကျားနှင့် သိင်္ခအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Drop For Justice – DFJ အဖွဲ့မှ Fixed Wings Drone ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...