ရွှေဘိုမြို့အထွက်ရှိ စစ်တပ်ဂိတ်နှင့် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)
D Day News
ဧပြီလ ၂၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက်ဂိတ်ရှိစစ်သားများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း Drop For Justice – DFJ အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ရွှေဘိုမြို့အထွက် မင်းကုန်းကျေးရွာ ဘုန်းကြီး ကျောင်းမှ ထွက်လာသော အင်အား (၅၀) ဝန်းကျင်ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ချီပါ မြောက်ရွာ တံတားအနီး နေရာယူဖြန့်ကျက်ထားနေစဉ် SHAR HTOO WAW နည်းပညာ တိုက်ခိုက် ရေး Drone များဖြင့် ဝေဟင်မှ ဗုံးသီး ၅ လုံးဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီလ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချ ထားသော ရွှေဘိုမြို့တောင်ဘက်အထွက် မုဒ်ပေါက်ရှိ အကြမ်းဖက်စစ်သားများကို ဝေဟင် မှ ဗုံးသီး၂ လုံးဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
https://youtu.be/kSqZG4TY_JU
အလားတူ ညနေ ၅ နာရီ ၁၅ ခန့်အချိန်တွင် အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ် တပ် စစ်ကြောင်းသည် ချီပါကျေးရွာ၌ အထိုင်ချတပ်စွဲထားနေစဉ် ဝေဟင်မှ ဗုံးသီး ၃ လုံးဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၂ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် ချီပါကျေးရွာ၌ အထိုင်ချတပ်စွဲထားနေသည့် အကြမ်းဖက်စစ်သားများကို ဝေဟင်မှ ဗုံးသီး ၆ လုံးဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 6 နှင့်အတူ မတစ်ထောင် (တစ် ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရွှေဘိုခရိုင်(ပကဖ)ဒရုန်းတပ်ဖွဲ့၊ Yaung Ni Shwe Bo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေပြည်သူ့ကာကွယ် ရေးအဖွဲ့ (ရေဦး) နှင့် ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News