Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ ချီပါရွာတံတားထိပ်တွင် တိုက်ပွဲဖြစ် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတံတားထိပ်၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရွှေဘိုထံမှ သိရသည်။

 

ဧပြီလ ၁၈ ရက်နေ့က ရွှေဘိုမြို့မှ အင်အား ၅၀ ခန့်ဖြင့်ချီပါရွာသို့ စစ်ကြောင်းထိုးလာပြီး ချီပါရွာ တံတား ထိပ်၌ ရပ်တန့်နေရာယူခဲ့ကြောင်း၊ ထို့နောက် ရွှေဘိုမြို့မှ အိမ်စီးကား ၂ စီး၊ ၁၂ ဘီးကား တစ်စီးဖြင့် အင်အား ၁၅၀ ခန့်ထပ်ဖြည့်ကာ ရှေ့ဆက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

https://youtu.be/ADWymAHuf60

“ရွှေဘိုကနေ ချီပါတံတားထိပ်ကို ခြေလျင်အရင်လာပြီး ကားနဲ့စစ်အင်အားထပ်ဖြည့်တာ၊ ဆက်ထွက် ဖို့ပြင်နေတဲ့အချိန် ကျနော်တို့မဟာမိတ်တွေက ထွက်လာတာနဲ့ ဆီးပစ်ကြတာ၊ အခုထိမဆုတ်ကြ သေးဘူး၊ ချီပါမှာပဲ တန့်ခံနေတယ်။ထိခိုက်သေဆုံးမှုတော့ရှိနိုင်ပေမယ့် သတင်းအတည်ပြုဖို့ မလွယ် ဘူးဖြစ်နေတယ်။ အခုလည်း အင်အားထပ်ဖြည့်နေတယ်၊ အခုဆိုရင် အင်အားက ၃၀၀ ဝန်းကျင်ရှိ နိုင်တယ်” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်၊ မဟူရာရွှေဘိုသား (LPDF)၊ Yaung Ni – SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Flying Dragon Force၊ ရွှေဘို စွန်ရဲနှင့် ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယင်းတိုက်ပွဲအတွင်း SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice -DFJ၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့ အဖွဲ့တို့မှ Fixed Wings Droneများဖြင့် ဝေဟင် စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...