Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့ သည် မြို့လှကျေးရွာဘက်သို့ ဆုတ်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

https://youtu.be/yIiJtwAlDm8

“မြင်းစီး၊ ဆင်အင်း ၊ ကူးတို့ဆိပ်က ပျူရွာတွေက စခနဲ့ ပျူတွေပါ၊ ရွှေဘိုမြို့နဲ့ အနီးဆုံး စခန်းတွေရှိတဲ့ ဘက်ကို ဆုတ်လာတာ။ စုစုပေါင်းအင်အားကတော့ ၆၀ လောက်ရှိမယ်။ အခုတော့ ရွှေဘိုမြို့နဲ့ နီးတဲ့ စခ၊ ပခ စခန်းတွေကို ရောက်သွားလောက်ပြီလို့ ယူဆရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ DUGF (Dragon Urban Guerrilla Force)၊  Fire Dragon PDF(Khin Oo)တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ် မြေ ရှင်းလင်းစဉ် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...