Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာ ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၁၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BIA ဒီပဲယင်း LDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နေ့လည်ပိုင်းက ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား၊ ပျူ စောထီး ထိခိုက်သေဆုံးးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“Fixed Wing Drone တွေ ၊ Federal Wings တွေပါမယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေပါမယ်၊ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ရှိ တယ်၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ။ ကျနော်တို့အဖွဲ့က ဒီပဲယင်းမှာ အခြေစိုက် ထားပေ မယ့်အနီးနားမြို့နယ်တွေဖြစ်တဲ့ ရွှေဘိုတို့၊ ဝက်လက်တို့မှာရှိတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာပါ။ မြေပြင်မှာ တကယ်အလုပ်လုပ်တဲ့အဖွဲ့မို့ မိဘပြည်သူတွေ အနေနဲ့ ကူညီပေး ကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု BIA ဒီပဲယင်း LDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ ကျားရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာရွှေဘိုသား LDF အဖွဲ့ ၊ ShweBo Federal အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ နွေဦးတော်လှန်ရေးကို ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီး Fixed Wings Drone ၁ စင်းလျှင် ၂၈ သိန်းခန့်၊ ဗုံးသီး ၁ လုံးလျှင် ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...