Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် ပျူရွာ ၃ ရွာမှ စစ်သား၊ ပျူစောထီး များ စခန်းစွန့်ခွာထွက်ပြေး၊ စိုင်ပြင်ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇူလိုင်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတိုးဆိပ်ရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပျူရွာ ၃ ရွာမှ စစ်သား၊ ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၃ ရက် နံနက် ၆ နာရီခွဲအချိန်က ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အထိကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ချေမှုန်းရေး စစ်ကြောင်းမှ ရဲဘော်များသည် ပျူစောထီး စခန်းဘန်ကာ ၃ ခုကို ဝိုင်းထားနိုင်ခဲ့ပြီး ဘန်ကာဖြိုခွင်းရာ RPG ကျည်မထွက်ခြင်း၊ ဆင်အင်းစခန်းမှ ပျူစောထီးများ တပ်ကူရောက်ရှိလာခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရန် ချဉ်းကပ်ခဲ့ရာ ကူးတိုးဆိပ်ရွာမှ စစ်သား၊ ပျူစောထီးများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ အလားတူ ဆင်းအင်းရွာ၊ မြင်းစီးရွာမှ တို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

“96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့ကနေ အကူအညီခေါ်လို့ ကျနော်တို့သွားကူပြီး တိုက်ပေး တာပါ။ စခသေထိခိုက်မှုတော့ မသိရသေးဘူး။ ကူးတို့ဆိပ် ပျူရွာကို တိုက်တော့ ထိခိုက်ဒဏ်ရာရတဲ့ စခတွေနဲ့ ပျူတွေရောပြီး မြင်းစီးပျူရွာ၊ ဆင်အင်းပျူရွာမှာရှိတဲ့ ပျူတွေပါ စခန်းစွန့်ထွက်ပြေးကြတာ” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို 96 Soldiers -PDF (အညာဒေသ) ၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး (KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွ-ယ်ရေးအဖွဲ့I Shwebo FederaL Army ၊ Phoenix Wings ၊ Phoenix Defence Froce (ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့နှင့် CAF (Civil Armed force) တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး 96 Soldiers – PDF (အညာဒေသ)မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကာ Frghter one တပ်ဖွဲ့မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရ (တစ်ဦးစိုးရိမ်ရ) ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှ ၁၀ နာရီခန့်အထိ ရွှေဘိုမြို့နယ်၊ စိုင်ပြင် ရဲစခန်းကို ဒရုန်းလေယာဉ် ၃ စီးဖြင့် ဗုံးသီး ၁၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

“ပျူရွာကို ဝင်တိုက်ပြီး အပြန်မှာ ဗုံးသီးတွေ ပိုနေလို့ စခန်းပြန်မယူချင်တာနဲ့ စိုင်ပြင်ရဲစခန်းကို ဒရုန်း နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးပါဘူး” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KLG PDF -ကျောက်လုံးကြီး နှင့်အတူ ကနောင်၊ PRAF ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ မှ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...