Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ပန်းရံရွာ၌ စစ်သားနှင့် ပျူများအစည်းအဝေး ပြုလုပ်နေစဉ် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် အကြမ်းဖက် စစ်သားများနှင့် ပျူများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း X FORCE – LPDF – ShweBo အဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ပန်းရံကျေးရွာရှိ အကြမ်းဖက် စစ် သား များနှင့် ပျူစောထီးများ အစည်အဝေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ပေါင်းစုများက Fixed Wings (မောင်းသူမဲ့လေယာဉ်) ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စခ၊ ပခ ၂ ဦးသေတယ်၊ ၂ ဦး အပြင်းအထန်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ ၂ ဦးကို မန်းလေးကို ပို့ တယ်လို့ ကြားရတယ်ဗျ ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ်၊ ကျွန်တော်တို့ဘက်က fixed wing ၁ စီးဆုံးရှုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းလေးတွေ ပြန်ဝယ်ဖို့ ရန်ပုံငွေ လိုအပ်နေပါတယ်” ဟု X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

https://youtu.be/qCLOfhSeNUo

အဆိုပါ တိုက်ခိုက်မှုကို X FORCE – LPDF – ShweBo (drone) တပ်ဖွဲ့၊ Shwebo Crocodile ရွှေဘို မြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Buffalo Soldier Freedom Force (drone) အဖွဲ့၊ ရှင်းရှင်း ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ သိခ်အားမာန်၊ ဗိုလ်လင်းရောင် (ဒပယ)၊ ဇာမဏီဒေါင်း (ဒပယ)နှင့် ရွှေဘို မြို့နယ် တန(၂) တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ စစ်ရေးရှိန် မြှင့်တင်နိုင်ရန် ပြည်တွင်း ပြည်ပ ထောက်ပို့များ အနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြရန်မေတ္တာရပ်ခံကြောင်း X FORCE – LPDF – ShweBo အဖွဲ့က မေတ္တာရပ်ခံထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...