သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်သူများအား အရေးယူမည်ဖြစ်ကြောင်း ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီမှ ဖိနှိပ်မှုကြောင့် ဓနုဒေသအတွင်း နိုင်ငံ ရေးတက်ကြွလှုပ်ရှားသော လူငယ်များသည် ဓနုလူမျိုးကိုယ်စားပြုတပ် DPLF/DPLA ကို စုဖွဲ့ပြီး စစ် အုပ်စုအား လက်နက်ကိုင်တော်လှန်ခဲ့ကြသည်မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း၊ ယခုအခါစစ်အုပ်စုက ၎င်းတို့ အကျိုးစီးပွားနှင့် အာဏာတည်မြဲရေး တရားမဝင်ရောက်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်လျက်ရှိ ကြောင်း အသိပေးထားသည်။
“ကျနော်တို့ ဓနုဒေသမှာတော့ PPP ပါတီ နည်းနည်းလှုပ်ရှားမှုရှိတယ်။ ကြံ့ဖွတ်ရှိတယ်ပေါ့၊ ကြံ့ဖွတ် လှုပ်ရှားတယ်ဆိုတာကလည်း အခုလက်ရှိ စစ်ကောင်စီက တင်မြှောက်ထားတဲ့ ဒေသဦးစီးဥက္ကဌ တစ် ယောက်ပဲ စည်းရုံးရေးဆင်းတာရှိပါတယ်။ ကျန်တဲ့ သူတွေက စည်းရုံးရေးမဆင်းရဲဘူး။ ပါတီနာမည် လည်းမထုတ်ပြန်ရဲဘူး။ သူတို့ဘာတွေကြောက်နေလဲတော့ မသိဘူး။ သူတို့စိုးမိုးပြီးတော့ သူတို့ အာ ဏာဖယ်ခံရမှာ အရမ်းကြောက်နေတာတော့ရှိတာပေါ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘယ်လို အရေးယူမလဲဆိုရင် ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီးတော့ ဘယ်လိုလုပ်ဆောင်ချက်တွေရှိတာလည်း ဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့၊ တသမတ်တည်းတော့ မရှိပါဘူး။” ဟု ဓနုပြည်သူ့လွတ်မြောက် ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။
ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး/ ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်တော် (DPLF/DPLA) အနေ ဖြင့် အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိမှတ်ပြု လက်ခံသွားမည်မဟုတ် ကြောင်း၊ ထို့ကြောင့် ဓနုလူထုများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို အားပေး ထောက်ခံခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် စစ်အုပ်စုအကျိုးစီးပွားနှင့် စစ်အုပ်စု အာဏာတည် မြဲရေးအတွက် အဆိပ်ပင် ရေလောင်းခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။
“ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုက စိတ်မဝင်စားဘူး။ အဲဒါဆိုတော့ လူထုတွေအနေနဲ့ စိတ်မဝင် စားတဲ့အတိုင်းပဲနေပေးပါ။ အာဏာသိမ်းထားတဲ့ အရေးပေါ် ကာလမှာ ရွေးကောက်ပွဲလုပ်တယ် ဆို တာက ဘယ်လိုမှ တရားလည်းမဝင်သလို ဘယ်နိုင်ငံတကာမှလည်း စိတ်မဝင်စားဘူး။ အသိအမှတ် လည်း ပြုမှာမဟုတ်ဘူး။ ဒါကတော့ နိုင်ငံတကာအသိအမှတ်အပြုတာ ၊ တရားဝင်တာ မဝင်တာ ထက် ပြည်သူလူထုကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုမရှိဘူး။ စိတ်ဝင်စားမှုမရှိတဲ့အတိုင်းပဲ ဒီအတိုင်း နေသွားပေးကြပါ၊ မဲလည်းသွားမပေးနဲ့၊ ကိုပေးလည်း သူတို့က နိုင်မှာပဲ၊ မပေးလည်း သူတို့က နိုင်မှာ ပဲ ဆိုတော့ အပင်ပန်းလည်းခံမနေနဲ့၊ ငွေကုန်ကြေးကျလည်းခံမနေနဲ့။ မပေးနဲ့ ဒီလိုပဲ နေသွားကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ဓနုပြည်သူ့လွတ်မြောက် ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။
ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦးသည် ပြည်သူလူထုများနှင့် အတူပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ဓနုလူမျိုးများ ကိုယ်စားပြုအနေဖြင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအင်အားစုများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၏ ( Bottom up federalism approach) ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး တည်ဆောက်သွားရာတွင် မိမိတို့ အင်အားစုသည် နိုင်ငံရေး၊ စစ်ရေးကို အရှိန်မြှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံရေး ကိုယ်စားပြုမှုများကိုလည်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထား သည်။
Thanlwin Myanmar Media