အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံးရှိ ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့်ဗုံး ကြဲတိုက် ခိုက်နေမှုကြောင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနေဖြင့် လူသားချင်းစာနာမှုအကူအညီများ ဝိုင်း ဝန်းပံ့ပိုးပေးကြပါရန် တအာင်းပြည်ကောင်စီ – TLC မေတ္တာရပ်ခံ

အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံးရှိ ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့်ဗုံး ကြဲတိုက် ခိုက်နေမှုကြောင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနေဖြင့် လူသားချင်းစာနာမှုအကူအညီများ ဝိုင်း ဝန်းပံ့ပိုးပေးကြပါရန် တအာင်းပြည်ကောင်စီ – TLC မေတ္တာရပ်ခံ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၅

အကြမ်းဖက်စစ်တပ်က တနိုင်ငံလုံးရှိ ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့်ဗုံး ကြဲတိုက် ခိုက်နေမှုကြောင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနေဖြင့် လူသားချင်းစာနာမှုအကူအညီများ ဝိုင်း ဝန်းပံ့ပိုးပေးကြပါရန် တအာင်းပြည်ကောင်စီ – TLC က ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် မေတ္တာရပ်ခံထားသည်။

မတရားအာဏာသိမ်း အကြမ်းဖက်စစ်တပ်သည် တနိုင်ငံလုံးတွင်အများပြည်သူနေထိုင်သော နေရာ များကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေမှုများနှင့် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ကျူးလွန်နေကြောင်း အသိပေးထားသည်။

စက်တင်ဘာလမှစ၍ ယနေ့ အချိန်အထိ အကြမ်းဖက်စစ်တပ်သည် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုး ကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များရှိ ပြည်သူလူထုများ နေထိုင်ရာကျေးရွာ များကို ဦးတည်သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် ဒေသခံ ပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအ ဆောက် အအုံများ ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူလူထုများစွာ စစ်ဘေးရှောင်နေရပြီး အခက် အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ထိုကြောင့် အကြမ်းဖက်စစ်တပ်၏ လူထုကိုအဓိကပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုနှင့် အကြမ်း ဖက် ကျူးလွန်နေမှုများ ပိုမိုပြင်းထန်လာနိုင်သည့်အခြေအနေများကို တွေ့မြင်နေရပြီး မိဘ ပြည်သူ လူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ရှောင်ရှားသွားလာကြရန်နှင့် ဘေးကင်းလုံခြုံသည့် နေရာ များသို့ သတိဝီရိယဖြင့် အထူးသတိပြုနေထိုင်စေလိုပါကြောင်း တအာင်းပြည်ကောင်စီ- TLC တိုက် တွန်းထားသည်။

နိုင်ငံရေးနှင့် စစ်ရေးအခြေအနေအခက်အခဲများကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့် နစ်နာခံစားနေရသည့် လူထုအား ပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် ဆက်လက်၍ မေတ္တာရပ်ခံ ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့်အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန် တိုက်တွန်း

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ NCA စာချုပ် စက္ကူစုတ်ဖြစ်သွားရသည့် တရားခံသည် စစ်တပ်ဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် NCA စာချုပ် ၁၀ နှစ်ပြည့် အခမ်းအနားသို့ အာစီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ မတက် ရောက်ရန် တိုက်တွန်း NCA စာချုပ်လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၆...